Subaru ကထုတ်လုပ်သည့် ကားများထဲမှ ပြည်တွင်းတွင် လူကြိုက်များနိုင်သည့် Subaru Forester 2018 အကြောင်းကို ဖော်ပြပေး လိုက်ပါသည်။
Subaru Forester ကို ၁၉၉၇ ခုနှစ်ကစတင်ထုတ်လုပ်ခဲ့ပြီး Crossover SUV ကိုယ်ထည် ကားတစ်စီးဖြစ်ပါ သည်။
တံခါး ၅ ပေါက်နဲ့ SUV ကားကိုကြိုက်သည့် သူများတွက် Subaru Forester က ဇိမ်ခံရော လမ်းကြမ်းမောင်းအတွက်ပါ အသုံးဝင်စေမယ့် ကားတစ်စီးဖြစ်ပါသည်။
Subaru Forester 2018 ကို အင်ဂျင် အရွယ်အစား ၂၅၀၀ စီစီဖြင့်ထုတ်လုပ်ထားပြီး ဂရိတ် ၆ မျိုးခွဲခြား ထုတ်လုပ်တာတွေ့ရပါသည်။
ခွဲခြားထုတ်လုပ်သည့် ဂရိတ်များမှာ 2.5i, 2.5i Premium , 2.5i Limited ,2.5i Touring , 2.5 XT Premium , 2.5XT Touring ဆိုပြီး ၆ မျိုးခွဲခြားထားခြင်းဖြစ်ပါသည်။
အတွင်းခန်း လယ်သာထိုင်ခုံဖြစ်ပြီး၊ ရှေ့ထိုင်ခုံတွေက Sport Seat တွေတပ်ဆင်ပေးထားတာ ဖြစ်ပါသည်။
ပါ၀ါမှန်ပတ်လည်ဖြစ်ပြီး ရှေ့ထိုင်ခုံတွေက ပါ၀ါထိုင်ခုံတွေဖြစ်တာတွေ့ရပါသည်။
အဲကွန်းစနစ်က Automatic Climate Control စနစ်ဖြစ်ပါသည်။
Sunroof အကြီးဖြစ်ပြီး central Door Lock စနစ်ကိုတပ်ဆင်ထားပြီး နောက်ထိုင်ခုံတန်း တွေကိုလည်း လိုအပ်သလို ချိန်ညှိလုပ်ဆောင်နိုင်ပြီး နောက်ခန်းအကျယ် လိုအပ်ရင်လည်း ခေါက်သိမ်းနိုင်တဲ့ ထိုင်ခုံတွေကို တပ်ဆင်ပေးထားပါသည်။
ဒီဂျစ်တယ်ဒိုင်ခွက်နှစ်ခွက်ပါ၀င်ပြီး စတီယာရင်ရှေ့မှာ Speed Meter ဒိုင်ခွက်၊ Dashboard အလယ်မှာ Cars Information Display ဒိုင်ခွက်ကိုတပ်ဆင်ပေးထားပါသည်။
ထို့အပြင် Touch Screen LCD အကြီးနဲ့မီဒီယာ ပိုင်းမှာပြည့်စုံသည့် ကားတစ်စီးအဖြစ်တွေ့ရပါသည်။
စတီယာရင် ကွန်ထရိုးလ်တွေပါ၀င်ပြီး Back Camera Control ကိုရှေ့ Dashboard အလယ်မှာ တပ်ဆင်ထားတာတွေ့ရပါသည်။
ရှေ့ထိုင်ခုံလုံးကြားမှာ အသေးစား ရေခဲသေတ္တာလေးပါ၀င်ပြီး ခေါင်းခန်း အမိုးပေါ်မှာ ကားအရေးပေါ်အချက်ပြ မီးခလုတ်များကို တပ်ဆင်ပေးထားပါသည်။
ကိုယ်ထည်ပိုင်းဒီဇိုင်းများကိုလည်း အရင်က မော်ဒယ်နဲ့ကွဲပြားပြီး ပိုပြီးခေတ်မီတဲ့ ဒီဇိုင်းပုံစံ အချိုးနှင့် ပြောင်းလဲထုတ်လုပ်ထားတာတွေ့ရပါသည်။
Aerodynamic ဒီဇိုင်းကလည်းပိုပြီးကောင်းမွန်သည့် ပုစံဖြစ်အောင်ဦးတည်ထုတ်လုပ်ထားတာတွေ့ရပါသည်။
ရှေ့မီးကြီးများ LED ကြောင်မျက်လုံး ပုံစံနဲ့ထုတ်လုပ်ထားပြီးနောက်ပြီးခွက်တွေကိုလည်း LED မီးတွေတပ်ဆင်ထားတာတွေ့ရပါသည်။
နောက်မှန်ဝိုက်ဘာ ၊ Spoiler တွေကိုလည်းတပ်ဆင် ပေးထာတာတွေ့ရပါသည်။
ထုတ်လုပ် ခွဲခြားရောင်းချသည့် စျေးနှုန်းများမှာ 2.5i ကို ဒေါ်လာ ၂၂၇၉၅ ၊ 2.5i Premium ကို ဒေါ်လာ ၂၅၆၉၅၊ 2.5i Limited ကို ဒေါ်လာ ၂၉၃၉၅၊ 2.5i Touring ကို ဒေါ်လာ ၃၃၀၉၀၊ 2.5 XT Premium ကို ဒေါ်လာ၂၉၄၉၅၊ 2.5XT Touring ကို ဒေါ်လာ ၃၆၀၉၀ ဆိုပြီး ခွဲခြားရောင်းချပါသည်။