Subaru က အီးဗီ Solterra ထုတ်လုပ်မည်


ဂျပန်မှ  Subaru Corp က ကုမ္ပဏီရဲ့ ပထမဆုံးအမြောက်အမြား ထုတ်လုပ်မယ့် လျှပ်စစ်မော်တော်ယာဉ် Solterra ကို ပြသခဲ့ပါတယ်။
Toyota Motor Corp နဲ့ အတူလက်တွဲပြီး ၂ နှစ်ကြာ လုပ်ကိုင်ခဲ့ကြပြီး ရလဒ်များအဖြစ် Toyota က BZ4X  အီးဗီကို ထုတ်လုပ်မှာ ဖြစ်ပြီး Subaru က Solterra အီးဗီကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ နစ်မျိုးစလုံး sports utility vehicle (SUV) အမျိုးအစား ဖြစ်ပါတယ်။

ကာလရှည်ကြာ သုံးလာခဲ့တဲ့ အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် internal combustion engine နည်းပညာကနေ ဖွံ့ဖြိုးစနည်းပညာသစ်ဆီ ကူးပြောင်းရတဲ့အခါ အီးဗီတွေ ဖွံ့ဖြိုးထုတ်လုပ်ဖို့ စရိတ်စက ကြီးမားလွန်းတာကြောင့် Subaru လို ကားထုတ်လုပ်ရေး လုပ်ငန်းအရွယ်အစားတွေအဖို့ ဘဏ္ဍာရေး အခက်အခဲ ကြီးမားပါတယ်။
အခက်အခဲ ဖြေရှင်းနည်းအဖြစ် Subaru က Toyota နဲ့ လက်တွဲပြီး လုပ်ဆောင်ခဲ့ပါတယ်။
Subaru ရဲ့ စီအီးအို Tomomi Nakamura က "အီးဗီဈေးကွက်က မရင့်ကျက်သေးဘူး။ အဲဒါကို ကျွန်တော်တို့ တုံ့ပြန်တဲ့အခါ Toyota နဲ့ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်" လို့ Solterra မိတ်ဆက်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဂျပန်ပြည်တွင်းဈေးကွက်အတွက် Solterra ကားတွေကို Toyota က ဂျပန်မှာ ထုတ်လုပ်ပေးမှာ ဖြစ်ပြီး Subaru ရဲ့ အဓိကဈေးကွက်ဖြစ်တဲ့ အမေရိကန်ဈေးကွက်အတွက် Solterra ကားတွေကို 
Subaru က အမေရိကန်မှာ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ 
Solterra ရှေ့ဘီးယက် မော်ဒယ်က ဘက်ထရီအားအပြည့် ဖြည့်ထားရင် ခရီးတာ ၅၃၀ ကီလိုမီတာအထိ သွားနိုင်ပြီး ၄ဘီးယက် မော်ဒယ်က ၄၆၀ ကီလိုမီတာအထိ သွားနိုင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။

Subaru ရဲ့ ရောင်းအားစီးရေက Toyota ရောင်းအားစီးရေရဲ့ ဆယ်ပုံတစ်ပုံထက် နည်းပါတယ်။
Toyota က Subaru မှာ ရှယ်ယာ ၂၀% ပိုင်ဆိုင်ပါတယ်။

Mazda Motor Corp မှာလည်း Toyota က ရှယ်ယာ ၅% ပိုင်ဆိုင်ထားပါတယ်။ Mazda ကလည်း ၂၀၂၅ မှာ အီးဗီ ထုတ်လုပ်ဖို့ အစီအစဉ် ရှိပြီး Toyota နည်းပညာကို ထည့်သွင်းပေါင်းစပ် ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

theverge.com

 

 

 

 

 

 

Read 527 times