ထူးခြားချစ်စရာကောင်းသော SUV ကား


ချစ်စရာကောင်းသောရုပ်ထွက်မျိုးကို ပိုင်ဆိုင်ထားသော SUV ကားများထဲမှ ယခုလက်ရှိဈေးကွက်ထဲတွင် ရှိနေသော ချစ်စရာကားများထဲမှ (၃) စီးကိုဖော်ပြလိုက်ပါသည်။

(၁) 2016 Mazda CX-5

လူငါးယောက်လိုက်ပါစီးနင်နိုင်သော အသေးစား Crossover SUV ကားတစ်စီးဖြစ်သည့် 2016 Mazda CX-5 သည်သွက်လက်ပေါ့ပါးပြီး ကြံခိုင်တောင်းတင်းသော ကိုယ်ထည်ပိုင်ဆိုင်ထားပါသည်။

ကားအတွင်းခန်းမှာလည်း လက်တွေ့ကျကျဆွဲဆောင်မှုရှိပြီး မောင်းနှင်မှုအတွေ့အကြုံအရ အသေးစား SUV ကားဆိုသည်ထက် အသေးစားနောက်ဖုံးဖွင့်ကားတစ်စီးကို မောင်းနှင်ရသကဲ့သို့ ဆင်တူပါသည်။

လေးဘီးယက်စနစ်သုံး CX-5 မှာမြင်းကောင်ရေ ၁၅၅ ကောင်အား 2.0 liter ဆလင်ဒါလေးလုံးထိုးအင်ဂျင်ကို တပ်ဆင်ပေးထားပြီး Manual ဂီယာခြောက်ချက်နှင့်Auto ဂီယာခြောက်ချက်ကို ရရှိနိုင်ပါသည်။

Auto ဂီယာာနဲ့ပဲ တွဲဖက်ထားသော မြင်းကောင်ရေ ၁၈၄ ကောင်အား 2.5liter ဆလင်ဒါလေးလုံးထိုး အင်ဂျင်ကိုလည်း ထပ်တိုးရွေးချယ်ရရှိနိုင်ပါသည်။

(၂) 2016 Subaru Crosstrek

Subaru ထုတ် SUV ကားများသည်လက်တွေ့ကျကျအသုံးဝင်သကဲ့သို့ကြီးမားခံ့ညားပြီး အကြမ်းလည်း ခံပါသည်။

2016 မိုဒယ်မှာပုံမှာထက်သေးငယ်သော ကိုယ်ထည်အရွယ်အစားနှင့် ချစ်စရာကောင်းသော ခပ်လျှောလျှော ခေါင်မိုးကောက်ကြောင်းတို့ကြောင့် ဒီဇိုင်းမှာ ချစ်စရာကောင်းနေပါသည်။

အရောင်တောက်တောက် ကိုယ်ထည်အရောင်များကိုလည်းရရှိနိုင်သော Crosstrek ၏ အတွင်းခန်းမှာ လူငါးယောက်အထိ လိုက်ပါစီးနင်းနိုင်ပြီး ပစ္စည်းထားစရာနေရာလည်းကျယ်ဝန်းပါသည်။

လေးဘီးယက်စနစ်သုံး Subaru Crosstrek မှာ 2.0liter ဆလင်ဒါလေးလုံးထိုးအင်ဂျင်ကို တပ်ဆင်ပေးထားပြီး မြင်းကောင်ရေ ၁၄၈ ကောင်အားသာ ထုတ်လုပ်ပေးနိုင်သောကြောင့် SUV ကားတစ်စီးအနေဖြင့် စွမ်းဆောင်ရည်နည်းသကဲ့သို့ ထင်ရသော်လည်း ဆီစားသက်သာပါသည်။

(၃) 2016 Fiat 500X

ချစ်စရာကိုယ်ထည်နှင့် အသေးစား Crossover  SUV ကားသစ် 2016 Fiat 500X မှာ Fiat ထုတ်နာမည်ကျော် အသေးစားနောက်ဖုံးဖွင့်ကား 500 မိုဒယ်ထက်အရွယ်အစားနည်းနည်းပိုကြီးပြီး အနည်းငယ်လည်းပိုမြင့်သည့် 500X SUV ကားမှာ 500 ကဲ့သို့အရောင်အတွဲအစပ်များသာမက ကားအတွင်းခန်းမှာလည်း အဆင့်မြင့်အသုံးအဆောင်ပစ္စည်းများထည့်သွင်းပေးထားပါသည်။

အင်ဂျင်နှစ်မျိုးရရှိနိုင်ပြီး ရှေ့ဘီးယက်စနစ်သုံး အခြေခံမိုဒယ်မှာ မြင်းကောင်ရေ ၁၆၀ အား1.4 liter ဆလင်ဒါလေးလုံးထိုးအင်ဂျင်ကို တပ်ဆင်ထားပါသည်။

ပိုအဆင်မြင့်သည့် လေးဘီးယက်စနစ်သုံးမြင်းကောင်ရေ 180 အား 2.4 liter  အင်ဂျင်ကိုလည်း ရွေးချယ်ရရှိနိုင်ပါသည်။

အင်ဂျင်အပေါ်မူတည်ပြီး အခြေခံမိုဒယ်အတွက် Manual ဂီယာခြောက်ချက်နှင့် အဆင့်မြင့်မိုဒယ်အတွက် Auto ဂီယာကိုးချက်တို့လည်းကွာခြားသွားပါသည်။

Read 3433 times