စွမ်းဆောင်ရည်မြင့်မားပြီး လမ်းကြမ်းမောင်းနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသော SUV ကားများ၏ ကိုယ်ထည်မှာ အများအားဖြင့် ခံညားထည်ဝါသောရုပ်ထွက်မျိုးပိုင်ဆိုင်ထားကြပါသည်။
ချစ်စရာကောင်းသောရုပ်ထွက်မျိုးကို ပိုင်ဆိုင်ထားသော SUV ကားများထဲမှ ယခုလက်ရှိဈေးကွက်ထဲတွင် ရှိနေသော ချစ်စရာကားများထဲမှ (၃) စီးကိုထပ်မံ ဖော်ပြလိုက်ပါသည်။
(1) 2016 MINI Cooper Countryman
ချစ်စရာကောင်းသော ကိုယ်ထည်ပုံစံကြောင့် နာမည်ကျော်လူသိများလာခဲ့သော Mini Cooper ကားမိုဒယ်မှာ ဥရောပဆန်ဆန်ဆွဲဆောင်မှုရှိသောကားအမျိုးအစားဖြစ်ပါသည်။
2016မိုဒယ် 2016 MINI Cooper Countryman မှာ Cooper ၏အသေးစား SUV ဗားရှင်းဖြစ်ပြီး 2011 ခုနှစ်မှစတင်ထုတ်လုပ်ခဲ့ပါသည်။
ယင်းကားငယ်တွင် လှပသော အရောင်အရောအစပ်၊ ခရိုမီယမ်ရောင်အပြင်အဆင်နှင့် အရွယ်အစား ကြီးမားသော Multi-spoke ဒီဇိုင်းအလွိုင်းတို့ကဲ့သို့ တူညီသောဒီဇိုင်းအပြင်အဆင်များပါဝင်သော Mini နောက်ဖုံးဖွင့်ကားတစ်စီးဖြစ်သည်။
2016 MINI Cooper Countryman မှာမြင်းကောင်ရေ ၁၂၁ ကောင်အား1.6 liter အင်ဂျင်သာမက ထပ်တိုးအဆင့်မြှင့်ထားသော မြင်းကောင်ရေ ၁၈၁ ကောင်အား Turbocharged ဗားရှင်းကိုလည်းရရှိနိုင်ပါသည်။
(2) 2016 Chevrolet Trax
ယင်းကားအမျိုုးအစားမှာ ခေတ်မီအဆင့်မြင့်ပုံမပေါက်သော်လည်း သင့်လျော်သောအတွင်းခန်းမျိုးကို ပိုင်ဆိုင်ထားပါသည်။
Trax မှာမြင်းကောင်ရေ ၁၃၈ ကောင်အား 1.4 liter Turbocharged ဆလင်ဒါလေးလုံးထိုးအင်ဂျင်ကို Auto ဂီယာခြောက်ချက်နှင့် တွဲဖက်တပ်ဆင်ထားပါသည်။
Chevrolet Trax မှာ ရှေ့ဘီးယက်စနစ်သုံးထားသော်လည်း လေးဘီးယက်စနစ်ကို ထပ်မံရွေးချယ်နိုင်ပါသည်။
(3) 2016 BMW X1
X1 မော်ဒယ်မှာ BMW ဒီဇိုင်းကိုလက်ခံရရှိထားသော်လည်း ကား၏ သေးငယ်သောအရွယ်အစားက တခြားမိုဒယ်များထက် အဟန့်ကင်းပြီး ပိုရင်းနှီးမှုရှိသောခံစားမှုမျိုးရရှိနိုင်ပါသည်။
BMWထုတ်ဈေးနှုန်းသင့်လျော်သော ကားများတွင် တစ်စီးအပါအဝင်ဖြစ်သော လူငါးယောက်စီးဇိမ်ခံ SUV ကား၏ အတွင်းခန်းမှာဇိမ်ကျသကဲ့သို့ ပစ္စည်းထားစရာနေရာမှာလည်းကျယ်ဝန်းပါသည်။
2016 X1 မှာ မြင်းကောင်ရေ ၂၂၈ ကောင်အား 2.0liter Turbocharged အင်ဂျင်ကို Auto ဂီယာရှစ်ချက်နှင့် တွဲဖက်တပ်ဆင်ထားပါသည်။