ထူးခြားချစ်စရာကောင်းသော SUV ကား(III)


စွမ်းဆောင်ရည်မြင့်မားပြီး လမ်းကြမ်းမောင်းနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသော SUV ကားများ၏ ကိုယ်ထည်မှာ အများအားဖြင့် ခံညားထည်ဝါသောရုပ်ထွက်မျိုးပိုင်ဆိုင်ထားကြပါသည်။

ချစ်စရာကောင်းသောရုပ်ထွက်မျိုးကို ပိုင်ဆိုင်ထားသော SUV ကားများထဲမှ ယခုလက်ရှိဈေးကွက်ထဲတွင် ရှိနေသော ချစ်စရာကားများထဲမှ (၂) စီးကိုထပ်မံ ဖော်ပြလိုက်ပါသည်။

(၇) 2016Land Rover Range Rover Evoque

ယင်းကားအမျိုးအစားမှာ ချစ်စရာကိုယ်ထည်ကိုပိုင်ဆိုင်ထားသောကားမိုဒယ်တစ်ခုဖြစ်ပါသည်။

အရွယ်အစားသေးငယ်ပြီးငါးယောက်စီးEvoqueကိုရိုးရိုးတံခါးလေးပေါက်ကားကိုယ်ထည်နှင့်ရော တံခါးနှစ်ပေါက် ကိုယ်ထည်ပုံစံနှင့်ပါရရှိနိုင်ပါသည်။

ထူးခြားဆန်းသစ်သော ကားကိုယ်ထည်မျိုးပိုင်ဆိုင်ထားသော လေးဘီးယက်စနစ်သုံး Evoque SUV ကားမှာမြင်ကောင်းရေ၂၄၀အား2.0Liter Turbocharged အင်ဂျင်ကို Auto ဂီယာကိုးချက် နှင့်တွဲဖက်တပ်ဆင်းထားပါသည်။

(၈)2016Mercedes-Benz GLC-Class

ယင်းကားအမျိုးအစာမှာ ချစ်စရာကောင်းသောကိုယ်ထည်နှင့် အသေးစားဇိမ်ခံ SUV ကားတစ်စီးဖြစ်ပါသည်။

2016Mercedes-Benz GLC-Class ကား၏ ပထမဆုံး Trim Level GLC300 မှာမြင်းကောင်ရေ ၂၄၁ ကောင်အား 2.0Liter Turbocharged  ဆလင်ဒါလေးလုံးထိုးအင်ဂျင်ကို အသစ်ဖန်တီးထားသော Auto ဂီယာကိုးချက်နှင့် တွဲဖက်တပ်ဆင်ထားပါသည်။

ပုံမှန်အနေဖြင့် နောက်ဘီးယက်စနစ်သုံး SUV ကားတစ်စီးဖြစ်သည့် GLC-Class ကို Mercedes ၏နာမည်ကျော် 4MATIC လေးဘီးယက်စနစ်ဖြင့်လည်းရွေးချယ်နိုင်ပါသည်။

 

Read 4539 times