ထူးထူးခြားခြား ချစ်စရာ SUV ကား (IV)


စွမ်းဆောင်ရည်မြင့်မားပြီး လမ်းကြမ်းမောင်းနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသော SUV ကားများ၏ ကိုယ်ထည်မှာ အများအားဖြင့် ခံညားထည်ဝါသောရုပ်ထွက်မျိုးပိုင်ဆိုင်ထားကြပါသည်။

ချစ်စရာကောင်းသောရုပ်ထွက်မျိုးကို ပိုင်ဆိုင်ထားသော SUV ကားများထဲမှ ယခုလက်ရှိဈေးကွက်ထဲတွင် ရှိနေသော ချစ်စရာကားများထဲမှ (၂) စီးကိုထပ်မံ ဖော်ပြလိုက်ပါသည်။

(1) 2016 Honda HR-V

2016 မိုဒယ်အဖြစ်အသစ်ထုတ်လုပ်လိုက်သော  Honda HR-V သည်ငါးယောက်စီးအသေးစား Crossover SUV ကားတစ်စီးဖြစ်ပြီး ပစ္စည်းထားစရာနေရာလည်းကျယ်ဝန်းပါသည်။

Honda ထုတ် SUV ကားအတော်များများမှာ လေးထောင့်စပ်စပ်ပုံစံမျိုးရှိတတ်သော်လည်း HR-V ကိုတော့ Honda ၏ပေါ့ပေါ့ပါးပါး အသေးစားကားလေးပုံစံမှီငြမ်း တည်ဆောက်ထားသောကြောင့်ကိုယ်ထည်မှာ ခေတ်မီလှပပြီး သစ်လွင်မှုလည်းရှိပါသည်။

ကားအတွင်းခန်းမှာလည်း အဆင့်မြင့်ကား၏ ပစ္စည်းထားစရာနေရာကိုလည်းကျယ်ဝန်းအောင်အထူးအလေးပေး တည်ဆောက်ထားပါသည်။

2016 HR-V မှာမြင်းကောင်ရေ ၁၄၁ ကောင်အား 1.8 liter ဆလင်ဒါလေးလုံးထိုးအင်ဂျင်ကို Manual ဂီယာခြောက်ချက်နှင့် CVT ဂီယာနှင့်တွဲဖက်တပ်ဆင်ထားပါသည်။

ချစ်စရာကားကိုယ်ထည်နှင့် 2016 Honda HR-V သည်ရှေ့ဘီးယက်စနစ်သုံး SUV ကားမျိုးဖြစ်သော်လည်း လေးဘီးယက်စနစ်ကိုလည်းရွေးချယ်ရရှိနိုင်ပါသည်။

(2) 2016 Nissan Juke

ယင်းကားအမျိုးအစားတွင် မြင်းကောင်ရေ ၁၈၈ ကောင်အား 1.6 Liter Turbocharged ဆလင်ဒါလေးလုံးထိုးအင်ဂျင်ကို  manual ဂီယာခြောက်ချက်၊ သို့မဟုတ် auto ဂီယာနှင့်တွဲဖက် တပ်ဆင်ထား ပါသည်။

ရှေ့ဘီးယက်စနစ်အပြင် လေးဘီးယက်စနစ်ကိုပါ ရရှိနိုင်ပြီး ယင်းအပေါ်မူတည် Manual ဂီယာခြောက်ချက်နှင့် CVT အော်တိုဂီယာကွာခြားသွားပါသည်။

ကိုယ်ထည်ဆနု်းသစ်လှပသော Juke မှာဆီစားသက်သားစေလို့ထိန်းချုပ်မောင်းနှင်လို့ကောင်းပါသည်။

ထို့ပြင် 2016 Juke တွင် ကိုယ်ထည်ပုံစံပိုအဆင့်မြင့်လှပပြီး စွမ်းဆောင်ရည်လည်းပိုကောင်းသော NISMO Performance မိုဒယ်နှစ်မျိုးကိုလည်းရရှိနိုင်ပါသည်။

Source:Automobile journal

Read 2603 times