Tesla ဘာလင်စက်ရုံ တပတ် အစီး ၅,၀၀၀ ရည်မှန်းချက် ပြည့်ဝ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဂျာမနီနိုင်ငံမှ Tesla Gigafactory Berlin သည် တစ်ပတ်အတွင်း လျှပ်စစ်ကား အစီးရေ ၅,၀၀၀ ထုတ်လုပ်ရန် ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိနေပြီဖြစ်သည်။
စက်ရုံအသစ်တွင် ထုတ်လုပ်မှုစီးေရ မြှင့်တင်သည့်အခါ Tesla သည် ယေဘုယျအားဖြင့် တစ်ပတ်လျှင် အစီးရေ ၅,၀၀၀ ကို ပန်းတိုင်အဖြစ် သတ်မှတ်လေ့ရှိပြီး Tesla စံချိန်အရ "အလုံးအရင်း ထုတ်လုပ်မှု" အဖြစ် သတ်မှတ်သည်။
၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် Gigafactory Berlin စက်ရုံအသစ် ထုတ်လုပ်မှုကို စတင်ပြီးနောက် Tesla သည် ၂၀၂၂ နှစ်ကုန်တွင် တစ်ပတ် အစီး ၅,၀၀၀ ရရှိရန် ရည်ရွယ်ခဲ့သည်။
သို့သော် ပစ္စည်းပေးသွင်းရေးအတွက် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် အကျပ်အတည်း ဆက်လက်ဖြစ်ပွားနေသည့်ကြားတွင် ၎င်းရည်မှန်းချက်သည် အလှမ်းဝေးနေခဲ့သည်။
၂၀၂၂ နှစ်ကုန်တွင် တစ်ပတ်လျှင် Model Y စီးရေ ၃,၀၀၀ အထိသာ ထုတ်လုပ်နိုင်ခဲ့သည်။
၂၀၂၃ ဖေဖော်ဝါရီလကုန်တွင် Gigafactory Berlin သည် တစ်ပတ် စီးရေ ၄,၀၀၀ ထုတ်လုပ်သည့် အဆင့်သို့ ရောက်ရှိလာသည်။
တစ်လအကြာတွင် တစ်ပတ် စီးရေ ၅,၀၀၀ ထုတ်လုပ်သည့် 5k builds/week ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိခဲ့သည်။
အကယ်၍ Gigafactory Berlin သည် တစ်ပတ် ကားစီးရေ ၅,၀၀၀ တည်ဆောက်ပေးသည့် ထုတ်လုပ်မှုနှုန်းကို ထိန်းထားနိုင်ပါက တစ်နှစ်လျှင် ကားအစီးရေ ၂ သိန်းခွဲကျော် ထုတ်လုပ်နိုင်မည် ဖြစ်သည်။
Tesla သည် Gigafactory Berlin တွင် မော်ဒယ် နောက်တစ်မျိုးကိုပါ ထုတ်လုပ်ရန် ရည်မှန်းထားသည်။ မူလ အစီအစဉ်အရဆိုလျှင် Model 3 ကို ထုတ်လုပ်မည်ဖြစ်သည်။
Tesla သည် တစ်နှစ်လျှင် ကားအစီးရေ ၁ သန်းအထိ Gigafactory Berlin တွင် ထုတ်လုပ်မှုတိုးချဲ့ရန် အာဏာပိုင်များထံ မကြာသေးမီက ခွင့်ပြုမိန့်ရဖို့ လျှောက်လွှာတင်ခဲ့သည်။
နှိုင်းယှဉ်ကြည့်မည် ဆိုပါက လျှပ်စစ်ကား Rivian သည် တစ်ပတ် စီးရေ ၁၀၀၀- ၁၂၀၀၀ ထုတ်လုပ်ရန် ရည်မှန်းချက်ပန်းတိုင်ထားရှိသည်။
Source Electrek
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U