Tesla ရဲ့ ဂျာမနီ စက်ရုံအသစ် တစ်ပတ် အစီးတစ်ထောင် ထုတ်လုပ်သည့်အဆင့်သို့ရောက်ရှိ


Tesla ရဲ့ ဂျာမနီ စက်ရုံအသစ် တစ်ပတ် အစီးတစ်ထောင် ထုတ်လုပ်သည့်အဆင့်သို့ရောက်ရှိ

Tesla က ဂျာမနီနိုင်ငံရှိ စက်ရုံအသစ် Gigafactory Berlin တွင် တစ်ပတ်အတွင်း Model Y ကားအစီးရေ ၁,၀၀၀ ထုတ်လုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဧပြီလမှာ တစ်ပတ် အစီးတစ်ထောင် ထုတ်နိုင်တဲ့အဆင့် ရောက်ဖို့ မူလက စီစဉ်ထားသော်လည်း ဇွန်လလယ်ကျမှ စက်ရုံအတွက်  အရေးကြီးသော မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။

Tesla က စက်ရုံအသစ် နှစ်ခုဖြစ်ကြတဲ့ ဂျာမနီမှ  Gigafactory Berlin နှင့် အမေရိကန်မှ  Gigafactory Texas တို့မှာ ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပြီး ကမ္ဘာ့ပစ္စည်းပေးသွင်းကွင်းဆက် အကျပ်အတည်းကြောင့် အခက်ကြုံနေပါတယ်။ 

Gigafactory Berlin မှာ မော်တော်ယာဉ် ထုတ်လုပ်မှု မတ်လမှာ စတင်ခဲ့ပါတယ်။ တစ်ပတ် အစီးတစ်ထောင် ထုတ်လုပ်နိုင်ရေးကို ဧပြီလကုန်မှာ ရရှိဖို့ ရည်မှန်းချက် ထားရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်ပတ်လျှင် စီးရေ ၃၅၀ မျှသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဆေးမှုတ်တဲ့အပိုင်းမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ဇွန်လ ၁၈ ရက်ကျမှ တစ်ပတ် အစီးတစ်ထောင်  ထုတ်လုပ်မှုရေချိန်ကို စတင်ရရှိခဲ့ပါတယ်။

အဲဒီ ထုတ်လုပ်မှုရေချိန်ကို ဆက်ထိန်းထားနိုင်ရင် Tesla ရဲ့ တစ်နှစ်တာ ထုတ်လုပ်မှုပမာဏမှာ စီးရေ ၅၀,၀၀၀ တိုးစေမှာ ဖြစ်ပါတယ်။

#MyanmarAutomobileGuide 

Telegram Channel

https://t.me/Guid4U/286

https://t.me/Guid4U

Read 1407 times