Tesla က Autopilot ရုံးဌာန ပိတ်သိမ်း 


Tesla က Autopilot ရုံးဌာန ပိတ်သိမ်း 

Tesla က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စန်မက်တေအိုရှိ   ၎င်း၏ရုံးဌာနတစ်ခု ကို ပိတ်သိမ်းလိုက်ပြီး ၎င်းရုံးဌာနရှိ  Autopilot ယာဉ်မောင်းအကူစနစ်အတွက် လုပ်ကုိင်နေသော ဝန်ထမ်း ၂၀၀ ခန့်ကို အလုပ်မှ ထုတ်ပယ်လိုက်ပါတယ်။ ကုမ္ပဏီ ကုန်ကျစရိတ်ကို လျှော့ချခြင်းအတွက် လုပ်ဆောင်ချက်လို့ ဆိုပါတယ်။

အလုပ်ပြုတ်သူအများစုမှာ နာရီစားဖြင့် လုပ်ကိုင်နေကြသူများ ဖြစ်ပါတယ်။ 

ယခုလအစောပိုင်းတွင် လျှပ်စစ်ကားများထုတ်လုပ်တဲ့ Tesla အမှုဆောင်အရာရှိချုပ် Elon Musk က စီးပွားရေးနှင့် ပတ်သက်၍ စိတ်ထဲ အလွန်ဆိုးရွားသော ခံစားမှု ဖြစ်ပေါ်ကြောင်း Tesla ထိပ်တန်းမန်နေဂျာများအား ပြောကြားခဲ့ပြီး  ဝန်ထမ်းအင်အားကို ၁၀% ခန့်လျှော့ချရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ See more

ထိုနောက်ပိုင်းမှာ ဘီလျံနာ အီလွန်မတ်စ်က ၁၀% လျှော့ချသည့်အခါ လခစားဝန်ထမ်းများကိုသာ အလုပ်ထုတ်ပယ်မှာ ဖြစ်ပြီး နာရီစား ဝန်ထမ်းများ မပါကြောင်း၊ နာရီစားဝန်ထမ်း ပိုများလာဖွယ် ရှိကြောင်း ပြောကြားပါတယ်။ See more

Tesla က အဓိကအားဖြင့်  ကုန်ကျစရိတ် ဖြတ်တောက်မှုနေပုံရတယ် ဆိုတာ သိသာပါတယ်" လို့ ပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။ 

"အခုလို ဝန်ထမ်းလျှော့ချခြင်းဟာ  ရှန်ဟိုင်းမှ ကားစက်ရုံကို ကိုဗစ်လော့ဒေါင်းကြောင့် ပိတ်ထားရခြင်း၊  ကုန်ကြမ်းကုန်ကျစရိတ် မြင့်တက်နေခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက်ပြဿနာများကြောင့် ၂၀၂၂ ဒုတိယ ၃လပတ်ဟာ  ကုမ္ပဏီအတွက် အတော်လေး ကြမ်းတမ်း‌ေနခဲ့ကြောင်း ညွှန်ပြနေပါတယ်" လို့ ၎င်းက ပြောကြားပါတယ်။

ရှန်ဟိုင်း ကိုဗစ်လော့ဒေါင်းကြောင့် ရှန်ဟိုင်းမှ Tesla ကားစက်ရုံ ပိတ်ထားခဲ့ရလို့ ထုတ်လုပ်မှု ယုတ်လျော့ခဲ့ပါတယ်။

အလုပ်ပြုတ်သူ တစ်ဦးက ဂြိုဟ်တုဌာနမှာ လုပ်ကိုင်နေသူ ဖြစ်ပြီး အစောပိုင်းက သူတို့ကို အခြားတစ်နေရာရှိ ရုံးဌာနသို့ ပြောင်းရွှေ့လုပ်ကိုင်ရလိမ့်မယ်လို့ ပြောကြားချဲ့ကြောင်း၊ စန်မက်တေအို ရုံးဌာန အဆောက်အဦ အငှားသက်တမ်းစေ့ပြီးရင် ဆက်မငှားတော့တဲ့အတွက် ပြောင်းရွှေ့ရမယ်လို့  သူတို့ကို အသိပေးခဲ့ကြောင်း၊ လက်တွေ့မှာတော့ အလုပ်မှ ထုတ်ပယ်ခံရကြောင်း ‌သူက ပြောပြပါတယ်။

စန်မက်တေအိုရုံးဌာနမှ ဝန်ထမ်းအများစုက Tesla ကားတွေမှာ တပ်ဆင်ထားတဲ့ ကင်မရာများထံမှ ရရှိတဲ့ ပုံတွေကို ပြန်ကြည့်ရှုပြီး ပုံခဲပါတဲ့အရာတွေကို လူ၊ သစ်ပင်၊ စက်ဘီး စသဖြင့် အမည်လိုက်တပ်ပေးရပါတယ်။ အဲဒီအချက်အလက်တွေကို စုဆောင်းထားပြီး ကားရဲ့ အလိုအလျောက်ထိန်းကျောင်းမောင်းနှင်စနစ် Autopilot system ကို သွန်သင်ပေးဖို့ အသုံးပြုပါတယ်။ လမ်းပေါ်မှာ တွေ့ကြုံရတဲ့ အခြေအနေအမျိုးမျိုးမှာ ဘယ်လို ထိန်းကျောင်းမောင်းနှင်ရမလဲ ဆိုတာ သွန်သင်ပေးပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက်နှင့် ဂျာမနီနိုင်ငံ ဘာလင်ရှိ  Tesla ကားစက်ရုံသစ်များဟာ ဒေါ်လာဘီလီယံပေါင်းများစွာကို လောင်စာအဖြစ် မီးထိုးပေးနေရတဲ့ ဧရာမမီးဖိုကြီး နှစ်ခုဖြစ်နေတယ်လို့   Musk က ပြောကြားခဲ့ပါတယ်။ See more

#MyanmarAutomobileGuide 

Telegram Channel

https://t.me/Guid4U

Read 1367 times