Tesla ကယ်လီဖိုးနီးယားစက်ရုံ ထုတ်လုပ်မှု မြှင့်တင်ရန်နှင့် ကုန်ကျစရိတ် သက်သာစေရန် စီမံဖို့ တရုတ်အင်ဂျင်နီယာများကို ခေါ်ယူ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla သည် ကယ်လီဖိုးနီးယား စက်ရုံ၏ ထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေရန် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ၎င်း၏ ကားစက်ရုံမှ တရုတ်အင်ဂျင်နီယာများကို အမေရိကန်သို့ ခေါ်ယူခဲ့သည်။
.
Tesla က ယခင်က ဂျပန်ဘက်ထရီလုပ်ငန်း Panasonic မှ အလုပ်ကြပ်များကို အမေရိကန်နိုင်ငံ နီဗားဒါးရှိ ၎င်း၏ Gigafactory ကို ခေါ်ယူပြီး 4680 ဘက်ထရီဆဲလ်များ ထုတ်လုပ်မှု ပိုမိုမြန်ဆန်အောင် ကြီးကြပ်စေခဲ့သည်။
Tesla သည် ယခုအခါ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ ၎င်း၏ Fremont စက်ရုံတွင် လုပ်ကိုင်လျက်ရှိသော အမေရိကန်လုပ်ဖော်ကိုင်ဖက်များအား ကူညီရန် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ၎င်း၏ ကားစက်ရုံမှ တရုတ်ဝန်ထမ်းများကို ခေါ်ယူခဲ့ပါသည်။
.
Tesla ၏ ကယ်လီဖိုးနီးယား စက်ရုံသည် ယခင် ကားစက်ရုံအဟောင်းကို အီးဗီထုတ်လုပ်သည့် စက်ရုံအဖြစ်သို့ ပြောင်းလဲထားခြင်းဖြစ်ပြီး ယခုအခါ သက်တမ်းရင့်နေပြီဖြစ်သည်။ အီးဗီ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချဖို့ အခက်အခဲ ဖြစ်နေသည်။ အီးဗီတပ်ဆင်ရန် သုံးစွဲသည့် စက်ကိရိယာများကို ခေတ်မီအောင် လဲလှယ်တပ်ဆင်ပေးဖို့ လိုအပ်နေသည်။ ထို့အတွက် တရုတ်ပြည်မှ ၎င်း၏ ဝန်ထမ်း ၂၀၀ ဦးခန့်ကို Fremont သို့ ခေါ်ယူပြီး တာဝန်ပေးအပ်သည်။
.
Tesla ၏ ကားစက်ရုံများတွင် Fremont ကားစက်ရုံ တစ်ခုတည်းသာ Tesla ၏ ကားမော်ဒယ် အားလုံးကို ထုတ်လုပ်ပေးနိုင်သည်။ သို့သော် ခေတ်မမီတော့သဖြင့် ထုတ်လုပ်မှုကို နှုန်းထား နည်းနေသည့်အပြင် ကုန်ကျစရိတ် လျှော့ချဖို့လည်း အခက်အခဲများ ရှိနေသည်။
.
Tesla သည် ရှန်ဟိုင်းရှိ ၎င်း၏ ကားစက်ရုံမှ အလိုအလျောက်စနစ်ဆိုင်ရာ အင်ဂျင်နီယာများနှင့် ထုတ်လုပ်မှုလိုင်းအော်ပရေတာများကို ခေါ်ယူပြီး Fremont စက်ရုံတွင် ၃ လ ထားရှိမည်။
.
၎င်းတို့သည် Fremont စက်ရုံတွင် Model Y/3/S/X လိုင်းများအတွက် အလုံးစုံကုန်ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးရန်အတွက် စက်ပစ္စည်းများ တပ်ဆင်ခြင်းနှင့် ထုတ်လုပ်မှုသင်တန်းများ ပေးခြင်းတို့ကို ကြီးကြပ်မည်ဖြစ်သည်။
Source notebookcheck
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U