Tesla  ရှန်ဟိုင်းစက်ရုံ  ထုတ်လုပ်စီးရေ  ထပ်မံမြှင့်တင်


Tesla  ရှန်ဟိုင်းစက်ရုံ  ထုတ်လုပ်စီးရေ  ထပ်မံမြှင့်တင်

အမေရိကန်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla သည် ပြီးခဲ့သည့်လအနည်းငယ်အတွင်း ထုတ်လုပ်မှုစွမ်းရည်ကို တိုးချဲ့ခဲ့သည်။

ရှန်ဟိုင်းစီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများထံမှ သတင်းများအရ Tesla Gigafactory Project (Phase I) ၏ ဒုတိယအဆင့် - ထုတ်လုပ်မှုလိုင်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သည့် ပရောဂျက်ကို လုပ်ဆောင်နေပါသည်။ 

 Tesla China ၏ Shanghai Gigafactory မှာ  ‘ ထုတ်လုပ်မှုလိုင်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်း’ ပရောဂျက် ပြီးမြောက်ခဲ့ပြီး ယခုအခါ အမှားရှာ အမှန်ပြင်ခြင်း စတင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားပါသည်။ 

 ထိုသို့ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းအတွက် ယွမ် ၁.၂ ဘီလီယံ (ကန်ဒေါ်လာ ၁၇၁.၂ သန်း) သုံးစွဲမည်ဟု သတင်းရင်းမြစ်များက ဆိုပါသည်။ ထိုငွေလုံးငွေရင်းထဲမှ ယွမ် ၈၅ သန်း (ကန်ဒေါ်လာ၁၂.၁ သန်း) ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သုံးစွဲမည် ဖြစ်သည်။
၎င်းပရောဂျက်ကို ၂၀၂၁ ဒီဇင်ဘာလ ၂၁ ရက်တွင် စတင်ခဲ့ပြီး ၂၀၂၂ စက်တင်ဘာလ ၁၈ ရက်တွင် ပြီးစီးခဲ့ပါသည်။ 
သို့ဖြစ်ရာ တစ်ဆိုင်းလျှင် အလုပ်ချိန် ၈ နာရီဖြင့် တစ်ရက် ၃ ဆိုင်း၊ ၂၄ နာရီပတ်လည် လုပ်ကိုင်နိုင်ပြီဖြစ်သည်။ လည်ပတ်ချိန် တိုးသည့်အတွက် လုပ်သားအင်အား လူသစ် ၄,၀၀၀ ဝန်းကျင် အလုပ်ခန့်မည် ဖြစ်သည်။
Tesla ၏ စက်ရုံများအားလုံးမှ စီးရေ ၉၃၆,၂၀၀ ထုတ်လုပ်ပြီး Shanghai Gigafactory  မှ စီးရေ ၄၈၄,၁၀၀ ထုတ်လုပ်သည်ဖြစ်ရာ ထက်ဝက်ကျော်ကို တာဝန်ယူ ထုတ်လုပ်ပေးသည်။
ဩဂုတ်လ ၁၅ ရက်တွင် စက်ရုံ၏ တစ်သန်းမြောက် အီးဗီကို ထုတ်လုပ်ခဲ့သည့်အကြောင်း Myanmar Automobile Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ 
Tesla ၏ ပြင်ပရေးရာ ဒုဥက္ကဋ္ဌ  Tao Lin  က Tesla  Shanghai Gigafactory ကားထုတ်လုပ်မှုတွင် တရုတ်ပြည်တွင်းဖြစ် ပစ္စည်းများ သုံးစွဲသည့် ရာခိုင်နှုန်းသည် ယခုအခါ ၉၅% ကျော်လွန်နေပြီဟု ပြောကြားပါသည်။
Source ithome
#MyanmarAutomobileGuide 
To join Telegram Channel  https://t.me/Guid4U

Read 2905 times