Tesla China အကြီးအကဲကို Tesla Global စီးအီးအို အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla Inc. စီအီးအို Elon Musk သည် Tesla China ၏ ဥက္ကဋ္ဌ Tom Zhu Xiaotong ကို အမေရိကန် အခြေစိုက် အီးဗီထုတ်လုပ်ရေးလုပ်ငန်း Tesla Inc. ၏ ကမ္ဘာလုံးဆိုင်ရာ CEO အဖြစ် ရွေးချယ်ခဲ့ပါသည်။
Tom Zhu ၏ စီအီးအို တာဝန်များသည် မော်တော်ယာဉ်အတွက်သာဖြစ်ပြီး ရိုဘော့နှင့် မော်တော်ယာဉ် အလိုအလျောက်မောင်းနှင်ခြင်းတို့ မပါဝင်ပေ။
Tom Zhu သည် တရုတ်နိုင်ငံရှိ Tesla ၏ Supercharger အစီအစဉ် ဒါရိုက်တာအဖြစ် ၂၀၁၄ ဧပြီလတွင် Tesla သို့ အလုပ်ဝင်ခဲ့သည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် Tesla မှ Veronica Wu မှ ကုမ္ပဏီမှ ထွက်ခွာပြီးနောက် Tom Zhu ကို Tesla ၏ ကမ္ဘာလုံးဆိုင်ရာ ဒုဥက္ကဋ္ဌနှင့် Global Vice President နှင့် Tesla China ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။
Tom Zhu ကို Elon Musk နှင့်အတူ တွေ့ရစဉ်
တရုတ်နိုင်ငံရှိ Tesla လုပ်ငန်းခွဲရဲ့ ရာထူးအကြီးဆုံး အကြီးအကဲဖြစ်သူ Zhu က Tesla အီးဗီကို တရုတ်ဈေးကွက်နှင့် ကိုက်ညီအောင် စီမံဆောင်ရွက်ပေးခဲ့ပါတယ်။ Tesla Service Center များ ထူထောင်ခြင်း၊ မော်ဒယ်အသစ်များ တရုတ်ဈေးကွက်တွင် မိတ်ဆက်ပေးခြင်း၊ Tesla Gigafactory Shanghai ဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်စီးရေ တိုးတက်မြင့်မားရေးတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
Elon Musk က သူ့အရိုက်အရာ ဆက်ခံမယ့်သူကို ယခင်ကတည်းက ရွေးချယ်သတ်မှတ်ခဲ့ပါတယ်။ အချိန်မကျသေးလို့ မည်သူမည်ဝါဆိုတာ ထုတမဖော်ပြောကြားခြင်း မပြုခဲ့ပါ။
၂၀၁၈ မှာ Tesla က Elon Musk ကို လျာထားချက် ပြည့်မီတဲ့အတွက် ကန်ဒေါ်လာ ၅၅ ဘီလီယံနီးပါး ခံစားခွင့်များ ပေးအပ်ခဲ့တဲ့အပေါ် Tesla အစုရှယ်ယာပိုင်ရှင်တစ်ဦးက ပြည့်မီနိုင်တဲ့ လျာထားချက်ကို ချမှတ်ပြီး ခံစားခွင့်များ ပေးအပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ Tesla ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့နှင့် Tesla စီအီးအို Elon Musk တို့ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး Elon Musk ကို တနင့်တပိုး ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုပါတယ်။ ၂၀၂၂ နိုဝင်ဘာလမှာ Tesla ဒါရိုက်တာအဖွဲ့ဝင် James Murdoch ရဲ့ ထွက်ဆိုချက်များကို တရားရုံးမှာ ကြားနာခဲ့ပါတယ်။ James Murdoch ရဲ့ ထွက်ဆိုချက်များထဲမှ အကြောင်းတစ်ချက်က
Elon Musk က လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း တစ်စုံတစ်ဦးအား Tesla လျှပ်စစ်ကားထုတ်လုပ်မှုကို ဦးဆောင်ရန် အလားအလာရှိသောသူအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။
Murdoch က ၎င်းဆက်ခံသူရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပါ။
Musk ကလည်း စီမံခန့်ခွဲရေးကိစ္စများကို သူမည်မျှ မုန်းတီးကြောင်း အကြိမ်ပေါင်းများစွာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
"ကျွန်တော် Tesla ရဲ့ စီအီးအို ဖြစ်ဖို့ မကြိုးစားခဲ့ပေမယ့် ကျွန်တော် စီအီးအို လုပ်ရင်လုပ်၊ မလုပ်ခဲ့ရင် Tesla လုပ်ငန်း သေသွားလိမ့်မယ်။ ကျွန်တော်က ဘော့စ် လုပ်ရတာကို မုန်းတယ်။ ကျွန်တော်က အင်ဂျင်နီယာတစ်ဦးပါ" လို့ အီလွန်မတ်စ်က အတိအလင်း ပြောကြားခဲ့ဖူးပါတယ်။
တရားရုံးက မတ်စ်ရဲ့ ထွက်ဆိုချက်များကို ကြားနာခဲ့စဉ် မတ်စ်က သူလုပ်ကိုင်နေတဲ့ Tesla Inc., SpaceX, Boring Company စသည်တို့မှာ သူလုပ်ကိုင်နေတာတွေဟာ စီးအီးအို ရာထူးနှင့် လားလားမှ မအပ်စပ်ပါကြောင်း ထွက်ဆိုခဲ့ပါတယ်။
Tesla မှာ ကမ္ဘာတစ်လွှား စက်ရုံ ၇ ခု ရှိပါတယ်။ မြို့ကြီး ၈ မြို့မှာ ရုံးခန်းဖွင့်လှစ်ထားပါတယ်။ ကမ္ဘာတစ်လွှား အချက်အချာ ၇ ခုကို နိုင်ငံ ၇ ခုမှာ ထားရှိပါတယ်။ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ ဩစတြေးလျ၊ ဂျာမနီနှင့် နယ်သာလန်တို့ ဖြစ်ပါတယ်။
Source pingwest
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U