Tesla China  အကြီးအကဲ Tom Zhu အမေရိကန်တွင် အရေးပါသည့် တာဝန်များ ရယူ


Tesla China  အကြီးအကဲ Tom Zhu အမေရိကန်တွင် အရေးပါသည့် တာဝန်များ ရယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Tesla Inc ၏ တရုတ်နိုင်ငံအတွက်  အကြီးအကဲ  Tom Zhu သည် အမေရိကန်သို့ အလုပ်ပြောင်းရွှေ့ခဲ့ပြီး များကြာသေးခင်မှာ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံများ အပါအဝင်  မြောက်အမေရိကဒေသအတွက် အရောင်း၊ ဝန်ဆောင်မှုနှင့် ကား မှာကြားထားသူများထံ ပေးပို့ခြင်းတို့အတွက် တာဝန်စတင်ထမ်းဆောင်နေပြီဖြစ်ကြောင်း Electrek ဝဘ်ဆိုက်တွင် သတင်းဖော်ပြထားပါသည်။
 
 Zhu ၏တရားဝင်ရာထူးမှာ အာရှ/ပစိဖိတ်ဒေသဆိုင်ရာ ဒုဥက္ကဋ္ဌအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါသည်။

Zhu နှင့် သူ၏အဖွဲ့သည် တရုတ်နိုင်ငံ ရှန်ဟိုင်းမှ အမေရိကန်သို့ ရောက်ရှိခဲ့ကြပြီးသောအခါ ကယ်လီဖိုးနီးယားနှင့် တက္ကဆက်ရှိ Tesla စက်ရုံများတွင် လုပ်ကိုင်လျက် ရှိကြောင်း Myanmar Automobile Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ 


တရုတ်နိုင်ငံမှ Tesla အကြီးအကဲနှင့်အဖွဲ့ အမေရိကန် Tesla စက်ရုံများတွင် တာဝန်ထမ်းဆောင် 

https://www.automobiledirectory.com.mm/article/-tesla-tesla-tom-zhu.html


 

Zhu ၏ ဦးဆောင်မှုအောက်တွင် Tesla Shanghai သည် လနှင့်ချီအောင် ကြာမြင့်စွာ လော့ဒေါင်း ချခံရပြီး ထုတ်လုပ်မှု အကြီးအကျယ် ထိခိုက်နေရာမှ Tesla ၏ ၂၀၂၂ ခုနှစ်အတွက် ထုတ်လုပ်မှုစီးရေ ရည်မှန်းချက် ပြည့်လုနီးပါးသို့ ရောက်သည်အထိ ပြန်လည်ကောင်းမွန်ခဲ့ပါသည်။ ထုတ်လုပ်မှု ကြီးထွားနှုန်း ၅၀% ရသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။

Source Electrek

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 912 times