Tesla ၁၀%လူလျှော့အစီအစဉ် စင်ကာပူမှ နိုင်ငံမန်နေဂျာ ပါဝင်
Tesla ကုမ္ပဏီမှ လုပ်သားအင်အားစုကို ကမ္ဘာ့စီးပွားရေး မကောင်းတော့မှာကတစ်ကြောင်း၊ ပိုလျှံဝန်ထမ်းများ ရှိနေတာက တစ်ကြောင်းတို့ကြောင့် ဝန်ထမ်းအင်အား ၁၀% လျှော့ချဖို့ ရည်မှန်းထားကြောင်း ကုမ္ပဏီ စီးအီးအို Elon Musk က ကုမ္ပဏီတွင်း အသိပေးစာ အီးမေးလ် ပေးပို့ခဲ့ပါတယ်။
ယခင်ဖော်ပြချက် ဖတ်ရှုရန် အပြာရောင် ခေါင်းစဉ်ကို ထိပါ
Tesla ဝန်ထမ်းဦးရေကိစ္စရပ် အသိပေးကြေညာ
Elon Musk က ပြောထားတဲ့အတိုင်း တကယ်စလုပ်နေပြီလို့ ယူဆရပါတယ်။
Mr Christopher Bousigues နှင့် Elon Musk
အမေရိကန်အခြေစိုက် လျှပ်စစ်ကားလုပ်ငန်းမှာ ၂၀၂၁ နှစ်ကုန်မှာ ဝန်ထမ်း ၁၀၀,၀၀၀ ဝန်းကျင် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်
Tesla Singapore မှ နိုင်ငံမန်နေဂျာ Christopher Bousigues ကို ဝာာဝန်မှ ရပ်ဆိုင်းလိုက်ပါတယ်။ စင်ကာပူမှာ နိုင်ငံမန်နေဂျာ မထားရှိတော့ဘဲ Tesla Hong Kong က စင်ကာပူကိုပါ တွဲဖက် ကိုင်တွယ်ပေးမှာ ဖြစ်ပါတယ်။
Bousigues က နိုင်ငံမန်နေဂျာ ရာထူးတာဝန် ထမ်းဆောင်ဖို့ ၂၀၂၁ မှာ စင်ကာကူသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
အရှေ့တောင်အာရှအတွက် Tesla ရဲ့ ပထမဆုံး နိုင်ငံမန်နေဂျာ ဖြစ်ပါတယ်။ သူ့လက်ထက်မှာ စင်ကာပူမှာ Tesla အခြေတည်ဖို့ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ အရောင်းပြခန်း ၂ ခု ဖွင့်လှစ်ခဲ့တယ်။ ပြုပြင်ထိန်းသိမ်ရေးစင်တာတစ်ခုလည်း ဖွင့်လှစ်ခဲ့ပါတယ်။
စူပါအားသွင်းကွန်ရက်ကို စင်ကာပူတစ်လွှား ဖြန့်ကျက်ခဲ့တယ်။ Tesla Model 3 များ ရောင်းချပေးတယ်။ ဇွန်လ ၁၀ ရက်မှာ Model Y စတင်ရောင်းချခဲ့ပါတယ်။
#MyanmarAutomobileGuide