Tesla က Cybertruck ထုတ်လုပ်ရန် ဝန်ထမ်းအလုပ်ခေါ်သည့်စာရင်း ကြေညာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla သည် ယခင်က ပြသဖူးသည့် Cybertruck ကို ၂၀၁၉ ခုနှစ်တွင် ပြန်လည်ထုတ်ဖော်ပြသသောအခါတွင် လျှပ်စစ်ပစ်ကပ်ထရပ်ကားကို ၂၀၂၁ နှစ်ကုန်တွင် ဈေးကွက်သို့ရောင်းချမည်ဟု ပြောကြားခဲ့ပါသည်။
.
၂၀၂၁ သို့ရောက်သောအခါ ၂၀၂၂ တွင် စတင်ထုတ်လုပ်မည်ဟု ပြောကြားသည်။
.
စီအီးအို Elon Musk က Gigafactory Texas တွင် "၂၀၂၂ နှောင်းပိုင်းတွင်" လျှပ်စစ်ပစ်ကပ်ထရပ်ကား Cybertruck ကို စတင်ထုတ်လုပ်ရန် ရည်မှန်းထာကြောင်း ပြောကြားခဲ့သည်။
လောလောဆယ်တွင် နှောင့်နှေးနေသော Model Y ထုတ်လုပ်ရေးကို Gigafactory Texas တွင် အမြန်ဆုံး ထုတ်လုပ်နိုင်ဖို့ စူးစိုက်ထားသဖြင့် Cybertruck ထုတ်လုပ်မည့်အချိန်ကို နောက်ဆုတ်ထားကြောင်း ပြောကြားသည်။
.
မတ်လ ၂၀၂၂ တွင် Cybertruck ကို ယခုနှစ်တွင် ထုတ်လုပ်ရန်အသင့် အနေအထားရောက်အောင် အပြီးအစီး လုပ်ကိုင်မည်ဖြစ်ပြီး ၂၀၂၃ တွင် စတင်ထုတ်လုပ်မည်ဟု ပြောကြားသည်။
Cybertruck ထုတ်လုပ်မှု ရုပ်သိမ်းကြောင်း ဧပြီလဆန်းမှာ သတင်းထွက်ပေါ်ခဲ့ပြီး သို့လော သို့လော ဖြစ်နေခဲ့ကြပြီး ဇွန်လလယ်တွင် Musk က ၂၀၂၃ နှစ်လယ်ပိုင်းတွင် Cybertruck စတင်ထုတ်လုပ်မည်ဟု ပြောကြားသည်။
Gigafactory Texas သို့ Cybertruck ထုတ်လုပ်ရန် စက်ပစ္စည်းများလည်း ရောက်ရှိလာသည်။
ယခုအခါ Cybertruck ထုတ်လုပ်ရေးအတွက် အလုပ် ၆ နေရာခေါ်ထားသည်။ အလုပ် ၅ နေရာမှာ BIW အဆင့်အတွက် ဖြစ်သည်။
BIW က Body in White ကို ဆိုလိုပါသည်။ ကားတပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းစဉ်မှာ ကားကိုယ်ထည် အပိုင်းတွေ ဆက်စပ်တဲ့ အဆင့်ကို ဆိုလိုပါသည်။
Cybertruck မှာ သမားရိုးကျ ထရပ်ကားတွေလို ဖရိန်ပေါ်မှာ ကိုယ်ထည် ထိုင်ထားတာ မဟုတ်ဘဲ ဖရိန်မပါ၊ ဒဏ်ပိတာကို ဖရိန်အစား ကိုယ်ထည်က ရယူပေးထားတာကြောင့် ကိုယ်ထည်ကို သမားရိုးကျ သတ္တုသားကို မသုံးဘဲ exoskeleton လို့ အမည်ပေးထားသည့် စတိန်းလက်စ် စတီးကို သုံးထားပါသည်။
၎င်းစတီးသားကို ဖိပုံသွင်းဖို့ ကမ္ဘာ့အကြီးဆုံး ဖိပုံသွင်းစက်ကို အထူးတလည် မှာယူပြီး သုံးစွဲပါသည်။
ဖိပုံသွင်းစက် ဖိအားမှာ တန် ၉,၀၀၀ ဖြစ်ပါသည်။ Giga Press ဟု အမည်ပေးထားသော ဖိပုံသွင်းစက်ကို ထုတ်လုပ်ပြီးစီးပြီဖြစ်၍ တင်ပို့ရန် စီစဉ်နေကြောင်း အောက်တိုဘာ လကုန်ပိုင်းတွင် Giga Press ကို ထုတ်လုပ်ပေးသည့် အီတလီကုမ္ပဏီ IDRA Group က ပြောကြားခဲ့ပါသည်။
.
Cybertryck ကို အမှာစာ လက်ခံပြီဖြစ်ကြောင်း ကြေညာတဲ့ပွဲမှာ ကားကိုယ်ထည် မာပုံကို တူအကြီးစားဖြင့် ၂ ချက် ထုပြပါသည်။ ထို့ပြင် မှန်သား ခံနိုင်ရည်ကိုလည်း ပြသခဲ့ပါသည်။ အကယ်စင်စစ် မှန်သားက ဒဏ်ခံနိုင်ရမည် ဖြစ်သော်လည်း မှန်သား ပိန်ချိုင့်သွားခဲ့ပါသည်။
Cybertruck အမှာစာကို $100 စရံသတ်ပြီး စာရင်းပေးသွင်းရပါသည်။
ဖော်ပြပါ ဗီဒီယိုတွင် ရောင်းဈေးကို $40,000 အောက်ဖြင့် ဈေးဖွင့်ထားပါသည်။ လွန်ခဲ့သော ၂ နှစ်တုန်းက ဈေးနှုန်းဖြစ်ပါတယ်။ ယခုအခါ ငွေဖောင်းပွမှုကြောင့် အစစအရာရာ ဈေးတက်နေသည်ဖြစ်ရာ Cybertruck စတင်ထုတ်လုပ်သည့်အခါ $40,000 အထက် ဖြစ်မှာ သေချာပါသည်။
ယခုအခါ အမှာစာများ အားလုံးကို ကားပေးအပ်ဖို့ ၃ နှစ်ကြာလိမ့်မည်ဟု Musk က ပြောကြားခဲ့ပြီး အမှာစာ လက်ခံခြင်းကို မြောက်အမေရိကမှ အမှာစာများကိုသာ လက်ခံပါသည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U