Tesla ရဲ့  Cybertruck ထုတ်လုပ်ရန် ရိုဘော့များ  ရောက်ရှိ


Tesla ရဲ့  Cybertruck ထုတ်လုပ်ရန် ရိုဘော့များ  ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Tesla ထံသို့ Cybertruck လျှပ်စစ်ပစ်ကပ်ထရပ်ကားကို တည်ဆောက်ရာတွင် အသုံးပြုမည့် Kuka ရိုဘော့များ ရောက်ရှိလာပြီ ဖြစ်သည်။

Kuka ရိုဘော့များသည် ကုန်ထုတ်လုပ်ငန်းသုံး လက်တံရိုဘော့များ ဖြစ်သည်။
Gigafactory Texas တွင် Model Y အီးဗီများ ထုတ်လုပ်ရန်အတွက်လည်း Kuka ရိုဘော့များကို ယမန်နှစ်က မှာယူခဲ့သည်။

 


ယခု Cybertruck လျှပ်စစ်ပစ်ကပ်ထရပ်ကား ထုတ်လုပ်ရန်အတွက် Kuka ရိုဘော့များ Tesla ထံသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ပထမအသုတ် ရောက်ရှိခဲ့ရာ၌ လက်တံရိုဘော့ ၆၆ ခု ပါဝင်သည်။ 

Tesla သည် ၎င်း၏ ထုတ်လုပ်မှုလိုင်းများကို ရိုးရှင်းစေရန် လုပ်ဆောင်ထားပါသည်။ ထုတ်လုပ်မှု ဧရိယာ အကျာ်အဝန်းကိုလည်း လျော့နည်းအောင် ဒီဇိုင်းထုတ်ထားပါသည်။ သုံးစွဲသည့် ရိုဘော့လက်တံ အရေအတွက် လျော့နည်းအောင်လည်း လျှော့ချထားသည်။

Cybertruck ကို ၂၀၂၃ ခုနှစ်တွင် စတင်ထုတ်လုပ်နိုင်ရန် ထုတ်လုပ်ရေးလိုင်းကို တည်ဆောက်နေသည်။ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်လုပ်ရန် လျာထားသည်။
Gigafactory Texas တွင် Model Y ကို အမြောက်အမြား စတင်ထုတ်လုပ်နိုင်ပြီဆိုလျှင် ထုတ်လုပ်ရေးအဖွဲ့များသည် Cybertruck ကို အာရုံစိုက်ကြမည် ဖြစ်သည်။
ယခုအခါ Gigafactory Texas သည် သီတင်းပတ် တစ်ပတ်လျှင် စီးရေ ၃,၀၀၀ ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ ရည်မှန်းချက် ပန်းတိုင်မှာ တစ်ပတ်လျှင် စီးရေ ၅,၀၀၀ ဖြစ်ပါသည်။ 
တစ်ပတ်လျှင် စီးရေ ၅,၀၀၀ စံချိန်သို့ ရောက်ရှိလျှင် "အမြောက်အမြား ထုတ်လုပ်သည်" ဟု Tesla က ယေဘုယျအားဖြင့် သတ်မှတ်ပါသည်။
Source Electrek 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2535 times