Tesla Cybertruck ဘီးခွေအဖုံးဒီဇိုင်း မူပိုင်ခွင့် ရရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အမေရိကန် မူပိုင်ခွင့်ရုံးသည် Tesla Cybertruck ဘီးဖုံးဒီဇိုင်းအတွက် မူပိုင်ခွင့်ကို တရားဝင်ပေးအပ် လိုက်ပြီ ဖြစ်သည်။
Tesla Cybertruck ထုတ်လုပ်မှုအတွက် လုပ်ဆောင်နေစဉ် Tesla သည် Cybertruck မော်တော်ယာဉ်၏ အစိတ်အပိုင်းများကို မူပိုင်ခွင့်များ လျှောက်ထား ရယူလျက်ရှိသည်။
Cybertruck ကိုယ်ထည်အတွက် သုံးစွဲသည့် စတီးသတ္တုသားကိုလည်း မူပိုင်ခွင့် ရယူထားပြီးပြီ ဖြစ်သည်။
ယခု တစ်မူထူးသည့် ဘီးခွေအဖုံး ဒီဇိုင်းကို မူပိုင်ခွင့် ရယူလိုက်သည်။ မူပိုင်ခွင့် သက်တမ်းမှာ ၁၅ နှစ် ဖြစ်ပါသည်။
Tesla က ဘီးခွေဖုံးဒီဇိုင်းကို မူပိုင်ခွင့် ရယူထားခြင်း သည် Cybertruck တွင် ၎င်းဒီဇိုင်းကို သုံးမည်ဟု အပိုင်ပြော၍ မရနိုင်ပါ။
ကားထုတ်လုပ်သူများသည် ၎င်းတို့ထုတ်လုပ်ရန် မရည်ရွယ်သော်လည်း မူပိုင်ခွင့်ကို အမြဲတစေ လျှောက်ထားပြီး ရယူထားကြပါသည်။
Source Sawyer Merritt Twitter
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U