Tesla က  Cybertruck ထုတ်လုပ်မယ့် အစီအစဉ် ရုပ်သိမ်းကြောင်း  ရုတ်တရက် ကြေညာ


Tesla က  Cybertruck ထုတ်လုပ်မယ့် အစီအစဉ် ရုပ်သိမ်းကြောင်း  ရုတ်တရက် ကြေညာ


Tesla ရဲ့ ကာလရှည်ကြာ လည်တဆန့်ဆန့်ဖြင့် မျှော်နေခဲ့ကြတဲ့ Cybertruck ထုတ်လုပ်မှု အစီအစဉ် ရုပ်သိမ်းကြောင်းဆိုင်းမပါဗုံမဆင့် ကြေညာခဲ့ပြီး မယုံနိုင်အောင် ဖြစ်နေကြတဲ့အတွက်  Tesla ရဲ့ စီအီးအို ဘီလျံနာ Elon Musk က ထပ်မံအတည်ပြု ပြောကြားခဲ့ပါတယ်။ 

ကားအတွက် ကုန်ကျစရိတ်တွေက မူလလျာထားတဲ့ အသုံးစရိတ် မူလဘတ်ဂျက်ထက် ကျော်လွန်နေလို့ အစီအစဉ် ရုပ်သိမ်းလိုက်တာဖြစ်ကြောင်း Elon Musk က ပြောကြားခဲ့ပါတယ်။ ကြိုတင်အမှာစာများ အားလုံးကို ငွေပြန်အမ်းပါမယ် ဆိုတာကိုလည်း အသိပေးပါတယ်။ 

 

အမေရိကန်နိုင်ကံ တက္ကဆက်ပြည်နယ် ဩစတင်မှာ တည်ဆောက်ဆဲဖြစ်ပြီး တရားဝင် မဖွင့်လှစ်ရသေးတဲ့ ကားစက်ရုံ Gigafactory က Tesla ရဲ့ Model Y နှင့် Model 3 တို့ ထုတ်လုပ်ဖို့သာ ဆီလျော်ပါတယ်။ 

 

Model Y | Tesla

ယခင်က Cybertruck နှင့် Model Y တို့ကို ဩစတင် Gigafactory မှာ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ Model 3 က ဆက်လက်အဝယ်လိုက်နေဆဲ ဖြစ်တဲ့အပြင် ဓာတ်ဆီဈေး တက်တာကြောင့် အမှာစာများ ပိုမိုများပြားလျက် ရှိပါတယ်။ စက်ရုံအနေဖြင့် Model 3 ကုိ ဦးစားပေး ထုတ်လုပ်ပေးဖို့ စီစဉ်ရပါတယ်။

Model 3 | Tesla

 

 

Cybertruck စိတ်ကူး ကားပုံစံကို ၂၀၁၉ မှာ ပွဲထုတ်ခဲ့ပါတယ်။ နောက်ဘီးယက် အခြေဈေးနှုန်း $39,900 မှ စတင်ပါတယ်။ ၄ ဘီးယက်က တစ်သောင်း ပိုပေးရပါတယ်။

 

 

 

 

Tesla က ကြိုတင်အမှာစာတွေ လက်ခံရယူနေတာကို အလျဉ်မီအောင် ထုတ်လုပ်ပေးနိုင်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ တစ်နှစ်ထက် တစ်နှစ် ဆတိုးဖြင့် တိုးထုတ်နေပေမဲ့လည်း ယခုအထိ အလျဉ်မမီသေးပါဘူး။  ၂၀၂၂ ပထမ ၃လပတ်မှာ စီးရေ ၃၁၀, ၀၄၈ ထုတ်လုပ်ပြီး စံချိန်သစ်တင်ပေမဲ့လည်း ကားမှာကြားသူတွေ ၈ မှ ၁၂ ပတ် စောင့်ကြရပါတယ်။။
 

 





လောလော‌ဆယ် Gigafactory ၅ ခု ရှိရာမှာ Gigafactory 4 က ထုတ်လုပ်မှု စတင်တာ ရက်ပိုင်းမျှသာ ရှိပါသေးတယ်။ Gigafactory 5 က ထုတ်လုပ်မှု မစတင်သေးပါဘူး။

Gigafactory 1 ( Giga Nevada)
Storey County, Nevada, U.S.

Gigafactory 2 (Giga New York)
Buffalo, New York, U.S.

Gigafactory 3 (Giga Shanghai)
Shanghai, China

Gigafactory 4 (Giga Berlin)
Grünheide, state of Brandenburg
Germany

Gigafactory 5 ( Giga Texas)
Austin, Texas, U.S.

 

Tesla Giga Berlin official deonr video

 

 

 

Read 7524 times