Tesla က အငှားဝယ်ယူစနစ် ရပ်ဆိုင်း


Tesla က အငှားဝယ်ယူစနစ် ရပ်ဆိုင်း


အမေရိကန်နိုင်ငံမှ အပြည့်အဝလျှပ်စစ်ကားစစ်စစ် ထုတ်လုပ်ရေး လုပ်ငန်းTesla က အငှားဝယ်ယူစနစ်ဖြင့် ကားပေးအပ်ခြင်းကို ၂၀၂၂ ဧပြီလ ၁၅ ရက်တွင် ရပ်ဆိုင်းခဲ့ပါတယ်။ 

ဘာကြောင့်ရပ်ရသလဲဆိုတာကို ကုမ္ပဏီက ရှင်းပြခြင်း မရှိပေမဲ့ တစ်ပတ်ရစ်ကားများ ရောင်းဈေးခေါက်ခိုက်နေတာကြောင့် ကုမ္ပဏီက တစ်ပတ်ရစ်ကားများ အရောင်းဝန်ဆောင်မှု လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေရှာဖို့ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

၂၀၂၂ ဧပြီလ ၁၅ ရက်မှစ၍ အငှားဝယ်ယူစနစ်ဖြင့် Tesla ကား ငှားရမ်းခြင်း မပြုတော့ဘဲ အငှားစနစ်ဖြင့်သာ ဝန်ဆောင်မှု ပေးတဲ့အတွက်ကြောင့် ငှားရမ်းသက်တမ်း ကုန်ဆုံးချိန်မှာ စီးလက်စ ကားကို ဝယ်ယူခွင့် မရနိုင်တော့ပါဘူး။

ငှားရမ်းသက်တမ်း ကုန်ဆုံးချိန်အတွက် ပြဋ္ဌာန်းချက်များတွင် အချက် နှစ်ချက် ထပ်ထည့် ထားပါတယ်။

  • ၂၀၂၂ ဧပြီလ ၁၅ ရက်နှင့်နောက်ပိုင်း ပေးအပ်သည့် Tesla မော်တော်ယာဉ်များအားလုံးသည် ဝယ်ယူခွင့် မရှိပါ။
  • အခြား‌ေသာ တသီးပုဂ္ဂလများ၊ ကားရောင်းသူများသည် ငှားရမ်းထားသည့် Tesla မော်တော်ယာဉ်များကို ဝယ်ယူခွင့် မရှိပါ။

အပိုင်ဝယ်စီးချင်ရင် လက်ငင်းငွေအကြေချေပြီး ဝယ်ယူနိုင်ပါတယ်။ ဘဏ်ချေးငွေ အာမခံချက်ဖြင့်လည်း ဝယ်ယူနိုင်ပါတယ်။


တစ်ပတ်ရစ်ကားဈေးကွက်မှာ ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ ဓာတ်ဆီ ဒီဇယ် ကားများသာမက ဘက်ထရီလျှပ်စစ်ကားများလည်း ဈေးမြင့်တက်ပါတယ်။

Tesla ကား အသစ်ဝယ်ရင် အနည်းဆုံး ၆ လ စောင့်ရတဲ့အတွက် ခုဝယ်ခုစီးလို့ရတဲ့ တစ်ပတ်ရစ်ကားများ ဈေးကောင်းပေးပြီး ဝယ်စီးကြပါတယ်။ တစ်ခါတရံမှာ တစ်ပတ်ရစ်ကား ရောင်းဈေးက စက်ရုံထုတ်ဈေးထက် မြင့်နေပါတယ်။ 

သို့ဖြစ်ရာ Tesla အနေဖြင့် အငှားကားကို ပြန်သိမ်းယူပြီး တစ်ပတ်ရစ်ကားအဖြစ် ပြန်ရောင်းချဖို့ ရည်ရွယ်ချက် ရှိပုံရတယ်လို့ ခန့်မှန်းပြောကြားကြပါတယ်။ တစ်ပတ်ရစ်ကားကို လက်ငင်းငွေအကြေချေစနစ်ဖြင့်ဖြစ်စေ၊ အငှားစနစ်ဖြင့် ဖြစ်စေ၊ ငှားရမ်းဝယ်ယူစနစ်ဖြင့်ဖြစ်စေ ပေးအပ်ပါက ကုမ္ပဏီအတွက် အမြတ်ကျန်မှာ သေချာနေပါတယ်။ 

အငှားသက်တမ်း ကုန်ဆုံးတဲ့အခါ ရွေးစရာ ၄ မျိုး ရှိပါတယ်။
၁။ စီးလက်စကားကို အငှားသက်တမ်းတိုးပြီး ဆက်စီးလို့ ရပါတယ်။
၂။ ကားအသစ် ထပ်ငှားစီးလို့ရပါတယ်။ နည်းပညာက အစဉ်တိုးတက်နေတာကြောင့် ကားအသစ်က အငှားသက်တမ်းကုန်တဲ့ကားနှင့် မေည်ဒယ်အတူတူ ဖြစ်ပေမဲ့ အဆင့်ပိုမြင့်ပါတယ်။
၃။ ငှားစီးတဲ့ကားကို ပြန်အပ်လို့ ရပါတယ်။
၄။ ၂၀၂၂ ဧပြီလ ၁၅ ရက် မတိုင်ခင်က စငှားစီးထားတဲ့ကားဆိုရင် အမေရိကန်ဒေါ်လာ ၃၅၀ ပေးသွင်းပြီး အပိုင်ဝယ်စီးလို့ရပါတယ်။

အငှားသက်တမ်း ကုန်ဆုံးတဲ့အခါ ရွေးစရာ ၄ မျိုးအနက် တစ်မျိုးမျိုးကို ရွေးချယ်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 

insideevs.com

Read 1577 times