Tesla က မိသားစု ခရီး ဓာတ်ပုံ တင်ပြ


Tesla က မိသားစု ခရီး ဓာတ်ပုံ တင်ပြ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Tesla မှ ထုတ်လုပ်ထားသည့် ကားမော်ဒယ်များ ပါဝင်သည့် ဓာတ်ပုံ တစ်ပုံကို "မိသားစု ခရီး" "Family trip" ဟု အမည်တပ်ပြီး ‌လူမှုကွန်ရက် ပလက်ဖောင်း X တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက် ညသန်းခေါင် မရောက်ခင် ၃ မိနစ်အလိုတွင်  တင်ပြခဲ့သည်။

 


Tesla မှ ထုတ်လုပ်သော ထရပ် နောက်တွဲ ဆွဲယာဉ် Tesla Semi သည် ကားများ တင်ရန် ဒီဇိုင်းထုတ်ထားသော နောက်တွဲ တပ်ဆင်ထားသည်။ 
နောက်တွဲ အပေါ်ထပ် upper deck တွင် အနီရောင် Model S ၊ အဖြူရောင် Model 3 ၊ အပြာရောင် Model Y နှင့် များမကြာမီ ထွက်လာတော့မည့် Cybertruck ပစ်ကပ်တို့ကို တွေ့ရသည်။
အောက်ထပ်တွင် အဖြူရောင် Model X နှင့် Model 3 ဟုယူဆရသည့် ကားများ တင်ထားသည်။


၎င်းဓာတ်ပုံကို ကယ်လီဖိုးနီယား၊ ဖရီမောင့် စက်ရုံ ယာဉ်အစမ်းမောင်းသည့်ကွင်းမှာ ရိုက်ထားသည်။ ဖရီမောင့် စက်ရုံသည်  Tesla သန္ဓေတည်ရာ ပထမဆုံး ကားစက်ရုံဖြစ်ပြီး Toyota ထံမှ ရယူခဲ့သော ကားစက်ရုံ ဖြစ်ပါသည်။ 

ထရပ်ကားပေါ်မှ အီးဗီများသည် Tesla ၏ သက်တမ်း နှစ်ပေါင်း ၂၀ ဖြစ်သည့် ၂၀၀၃ မှ ၂၀၂၃ ခုနှစ်အထိကို ထင်ဟပ်ပြသနေပြီး ပုံတွင် မိသားစုဝင် ၂ စီး ပါမလာပါ။ ၎င်းတို့မှာ လွန်ခဲ့သည့် ၁၀ နှစ်ကစ၍ ဆက်လက်ထုတ်လုပ်ခြင်း မပြုတော့သည့် မူရင်းမူလ Tesla Roadster နှင့် Tesla Roadster မော်ဒယ်အသစ်တို့ ဖြစ်ပါသည်။
နှစ်ပေါင်း ၂၀ သက်တမ်းအတွင်းမှာ Tesla သည် အီးဗီ အစီးရေ ၅ သန်းဝန်းကျင် ထုတ်လုပ်ရောင်းခဲ့ပါသည်။
မော်ဒယ်အမည်နှင့် အမြောက်အမြား စတင်ထုတ်လုပ်သည့် နှစ်တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

●  Tesla Roadster (original) - 2008
●  Tesla Model S - 2012
●  Tesla Model X - 2015
●  Tesla Model 3 - 2018
●  Tesla Model Y - 2020
●  Tesla Semi - 2022
●  Tesla Cybertruck - ယခုနှစ် ၂၀၂၃ အနှောင်းပိုင်းတွင် ကားအပ်နှံမှု စတင်မည်။

မော်ဒယ်အမည်များကို ကြည့်လျှင် အက္ခရာများ (S, X, Y) ကြားတွင် ဂဏန်း (3) ပါနေသည်ကို တွေ့ရမည်။ အက္ခရာစဉ်အရ ဆိုလျှင် S ပြီးလျှင် T, U, V, W လာရမည်။ ပြီးမှ X နှင့် U တို့ လာရမည် ဖြစ်သည်။ ကဗောက်တိ ကဗောက်ချာဟု ထင်စရာ ဖြစ်နေသည်။
အဖြစ်မှန်မှာ အလန်းစား sexy ဗန်းစကား ဝေါဟာရဖြင့် မော်ဒယ်များကို အစဉ်အတိုင်း အမည်ပေးခြင်း ဖြစ်သည်။ 
သို့သော် S E X Y  ဖြစ်ရမည့်အစား S 3 X Y ဖြစ်နေသည်။ 
ထိုသို့ ဖြစ်နေရသည်မှာ Model E အမည်သည် Ford ၏ ကားမော်ဒယ်တစ်ခု ဖြစ်ပြီး ကုန်စည်တံဆိပ် trademark မူပိုင်ခွင့် ယူထားပြီးသား ဖြစ်နေသည်။
သို့ဖြစ်ရာ E ကို သုံးခွင့် မရသဖြင့် 3 ကို သုံးစွဲလိုက်ကြပါသည်။

turned E ဟု ခေါ်သည့် လှည့်ပေးထားသည့် E ဖြစ်သော Ǝ ကို 3 ဟု ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
တနည်းဆိုသော် မှန်ထဲ မြင်ရသည့် E ၏ ပုံရိပ်ကို ယူသုံးလိုက်ခြင်း ဖြစ်ပါသည်။
Tesla သည် မော်ဒယ် အမျိုးမျိုးဖြင့် မော်ဒယ်များများ ထုတ်ခြင်း မပြုဘဲ မော်ဒယ် အနည်းအကျဉ်းဖြင့်သာ စီးရေ ပိုများများထုတ်သည့်လမ်းစဉ်ကို ကျင့်သုံးပါသည်။

ယခုအခါ Cybertruck မော်ဒယ် တမျိုး တိုးသည်။ အိန္ဒိယ ကားဈေးကွက်အတွက် ကန်ဒေါ်လာ ၂၅,၀၀၀ ဝန်းကျင် ရောင်းဈေးရှိမည့် မော်ဒယ် တမျိုး ထုတ်လုပ်မည်ဟု ဆိုထားသည်။
မျိုးဆက်သစ် ပလက်ဖောင်းဖြင့် Robotaxi ထုတ်လုပ်မည့် အစီအစဉ် ရှိပါသည်။

Tesla Semi နှင့် Tesla Cybertruck တို့ကို အမေရိကန်ဈေးကွက်အတွက် ထုတ်လုပ်သည်မှာ အသားကျသွားသည့်အခါ ဥရောပဈေးကွက်အတွက် ဥရောပဗားရှင်း ထုတ်လုပ်မည် ဖြစ်သည်။


Source insideevs
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 488 times