အမေရိကန် ထိပ်တန်း လျှပ်စစ်ကား Tesla မှာ ယာဉ်မောင်းထောက်ကူ ကားမောင်းစွမ်းရည် ထည့်ပေးထားတာမှာ တစ်ဆင့် တက်တစ်ဆင့်
ပိုမို ကျွမ်းကျင်လာခဲ့တာ ယခုအခါ ယာဉ်မောင်းက စတီယာရင် မကိုင်ဘဲ လက်လွှတ်ထားရင်း မောင်းခိုင်းလို့ ရတဲ့ အဆင့်ကို ရောက်ရှိနေပါပြီ။ ဒါပေမဲ့ အပြည့်အဝ ရာနှုန်းပြည့် စိတ်ချရပြီလို့တော့ ပြောလို့ မရသေးတဲ့ 'ဘီတာ' အဆင့် ဖြစ်ပါတယ်။ နောက်တစ်ဆင့် ဖြစ်တဲ့ 'အယ်လ်ဖာ' အဆင့်ကို ရောက်ရှိတဲ့အခါကျမှ ကားမောင်းစွမ်းရည် အပြည့်အဝဖြင့် စိတ်ချထားလို့ ရမှာ ဖြစ်ပါတယ်။ အပြည့်အဝ မိမိဘာသာ မောင်းနှင်ခြင်း “Full Self-Driving” (FSD) ဆိုတဲ့ စွမ်းရည် ကားမှာ ရှိနေမှာ ဖြစ်ပါတယ်။
ယခု စမ်းသပ်မှု ပြုတဲ့ ဗီဒီယိုမှာ အသုံးပြုထားတာ Tesla ရဲ့ Model 3 ဖြစ်ပါတယ်။ ကားမှာ ထည့်ပေးထားတဲ့ ဆော့ဖ်ဝဲလ်ရဲ့ ကားမောင်းစွမ်းရည်ကို FSD beta အဆင့်သို့ မြှင့်တင်ပေးထားပါတယ်။
ဗီဒီယိုမှာ နောက်ထပ် ထူးခြားချက်တစ်ခုက စမတ်ကျတဲ့ Skydio ဒရုံးကို အသုံးပြုပြီး အပေါ်စီးမှ ဗီဒီယိုကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီ Skydio ဒရုံးက လူက လက်ဖြင့် ထိန်းကျောင်းပေးနေဖို့မလိုဘဲ သူ့ဘာသာသူ ကားနောက်ကို နောက်ယောင်ခံလိုက်ပြီး ဗီီဒီယို ရိုက်ကူးပေးသွားတာ ဖြစ်ပါတယ်။ ပျံသန်းရင် ရှောင်တိမ်းစရာ ရှိတောတွေကို သူ့ဘာသာသူ ရှောင်ကွင်းသွားတယ်။
အလျားနဲ့ အနံသာ ရှိတဲ့ လမ်းပေါ်မှာ ကားတစ်စီးက သူ့ဘာသာသူ မောင်းနှင် သွားလာနေချိန်မှာ အလျား အနံနဲ့အမြင့် တို့ ရှိနေတဲ့ လေထုထဲမှာ ဒရုံးတစ်စီးက သူ့ဘာသာသူ ပျံသန်းရင်း ကားကို ဗီဒီယို လိုက်ရိုက်ပေးနေတယ်။ သစ်ပင်တွေ ဓာတ်ကြိုးတွေ ဓာတ်တိုင်တွေကို သူ့ဘာသာသူ ရှောင်ကွင်းပျံသန်းသွားတယ်။