Tesla ရှန်ဟိုင်းစက်ရုံ ထူးထူးခြားခြား ရက်ရှည်ကြာ ရပ်နား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla ရှန်ဟိုင်းစက်ရုံရှိ အလုပ်သမားအများစုသည် တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွက် အလုပ်ပိတ်ရက် ရက်ရှည် ရရှိကြမည်ဖြစ်သည်။
တရုတ်နှစ်သစ်ကူးကာလတွင် Tesla ၏ ရှန်ဟိုင်းစက်ရုံကို ယခင်က ရက်ကြာမြင့်စွာ မပိတ်ခဲ့ဖူးချေ။
Tesla ရှန်ဟိုင်းစက်ရုံကို ဇန်နဝါရီလ ၃ ရက်မှ ၁၉ ရက်အထိ ၁၇ ရက်မျှသာ လည်ပတ်မည်။ ဇန်နဝါရီလ ၂၀ မှ ၃၁ ရက်အထိ ထုတ်လုပ်မှု ရပ်ထားမည် ဖြစ်သည်။
ယခုလို ရက်ရှည်ကြာ ရပ်ထားခြင်းအတွက် Tesla က အကြောင်းပြချက် တစ်စုံတစ်ရာ ပြောကြားခြင်း မရှိချေ။
ဒေသခံ သတင်းဌာန Caijing က Tesla ရှန်ဟိုင်း စက်ရုံပိတ်သည့် သတင်းကို ဖော်ပြခဲ့ရာတွင် Tesla Giga Shanghai ကားစက်ရုံမှ ဝန်ထမ်းအားလုံးနီးပါး ဇန်နဝါရီ ၂၀-၂၈ ကို အားလပ်ရက် ရရှိကြသည်။ အစိုးရ တရားဝင်သတ်မှတ်သည့် အားလပ်ရက်ဖြစ်ပြီး Tesla က ၂ ရက်ထပ်တိုးပေးထားသည်။ နေရပ်ဇာတိသို့ ပြန်ရာတွင် အဆင်ပြေစေရန် ရက်တိုးပေးထားခြင်း ဖြစ်သည်။
ဝန်ထမ်းအများစုသည် ပြီးခဲ့သည့်နှစ်များတွင် နှစ်သစ်ကူး အားလပ်ရက်များမှာ ရှန်ဟိုင်းမှာသာ နေခဲ့ကြရသည်။ နေရပ်ဇာတိသို့ မပြန်ကြရချေ။
လွန်ခဲ့သည့်သုံးနှစ်အတွင်း ဝန်ထမ်းအများစုသည် တင်းကျပ်သော Covid ထိန်းချုပ်မှုအစီအမံများကြောင့် အလုပ်လုပ်သည့်မြို့၌သာ အားလပ်ရက်ကို ကုန်ဆုံးခဲ့ကြရပါသည်။
ယခုနှစ်တွင် တရုတ်နှစ်သစ်ကူး အားလပ်ရက်သည် ဇန်နဝါရီလ ၂၁ မှ ၂၇ အထိ ဖြစ်ရာ Tesla က တစ်ရက်စောပိတ်ပေးပြီး တစ်ရက်နောက်ကျ ပြန်ဖွင့်ပေးခြင်းဖြင့် အိမ်ပြန်သူများ သွားရေးလာရေး အဆင်ပြေစေရန်ဖြစ်ကြောင်း Caijing က သတင်းဖော်ပြပါသည်။
Tesla ၏ ရှန်ဟိုင်းစက်ရုံသည် ၂၀၁၉ နှစ်ကုန်တွင် စတင်လည်ပတ်ခဲ့ပြီး မည်သည့်အားလပ်ရက်အတွက်မဆို စက်ရုံပိတ်ပေးထားခြင်း မရှိခဲ့ချေ။ ယခုအခါ ကမ္ဘာ့နှစ်သစ်ကူးတွင် ပိတ်ပေးထားသည့်အပြင် တရုတ်နှစ်သစ်ကူးတွင်လည်း ထူးထူးခြားခြား စက်ရုံပိတ်ပေးခြင်း ဖြစ်ပါသည်။
Tesla ၏ နောက်ဆုံး အစီအစဉ်သည် ဝယ်လိုအား များပြားနေခဲ့သည့်အချိန်ကကဲ့သို့ ထုတ်လုပ်မှုအတွက် အချိန်ပိုလုပ်ရန် မလိုအပ်တော့ချေ။
ရိုက်တာမှ ဖော်ပြသောသတင်းတွင် Tesla သည် ဒီဇင်ဘာ ၂၄ ရက်က ၎င်း၏ ရှန်ဟိုင်းစက်ရုံတွင် ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး ဒီဇင်ဘာနောက်ဆုံးပတ်တွင် စက်ရုံကို ရပ်ဆိုင်းရန် အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သည်။
Tesla ၏ရှန်ဟိုင်းစက်ရုံရှိ မော်တော်ကားထုတ်လုပ်မှုလိုင်းသည် စီစဉ်ထားသည့်အတိုင်း နှစ်စဉ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို လုပ်ဆောင်သွားရန် ရပ်နားထားခြင်း ဖြစ်ကြောင်း Global Times မှ သတင်းဖော်ပြပါသည်။ စက်ရုံ၏ အချို့ကဏ္ဍများ မပိတ်ကြောင်းလည်း ဖော်ပြထားပါသည်။
China Merchants Bank International (CMBI) မှ ထုတ်ပြန်သောအချက်အလက်များအရ တရုတ်ပြည်တွင်းဈေးကွက်တွင် ဒီဇင်ဘာလ ၁ ရက်မှ ၂၅ ရက်အထိ စီးရေ ၃၆,၅၃၃ ရောင်းချခဲ့ပါသည်။ ယမန်နှစ် အလားတူကာလထက် ၂၈% လျော့ကျခဲ့ပါသည်။
၎င်းကာလတွင် တရုတ်ပြည်တွင်း ဈေးကွက်မှာ ကားရောင်းအား ၁၅% နီးပါး မြင့်တက်ခဲ့ပါသည်။ BYD ၏ တစ်ရက်တာ ပျမ်းမျှရောင်းအား ၉၃% မြင့်တက်ခဲ့ပါသည်။
ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဒီဇင်ဘာလ ၁၉ မှ ၂၅ ရက်အထိ စီးရေ ၈,၉၁၅ ကို မှာကြားသူများထံ ပေးပို့ခဲ့ပါသည်။
Tesla သည် ဒီဇင်ဘာလ ပထမပတ်တွင် ၁၁,၆၇၀ စီး၊ ဒုတိယပတ်တွင် ၁၂,၉၇၇ စီး၊ တတိယပတ်တွင် ၁၀,၂၅၄ စီး ပေးပို့ခဲ့ပါသည်။
Source cnevpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U