Tesla ရှန်ဟိုင်းကားစက်ရုံရဲ့ စီးရေ ၁ သန်းမြောက် ထုတ်လုပ်
Tesla ရဲ့ တရုတ်ပြည်မှာ ကားစက်ရုံ Gigafactory Shanghai က စက်ရုံရဲ့ ကားစီးရေ ၁ သန်းမြောက်ကားကို ဩဂုတ်လ ၂၄ ရက်မှာ ထုတ်လုပ်ခဲ့ပါတယ်။ Tesla, Inc. အနေဖြင့် ထုတ်လုပ်ကားစီးရေ စုစုပေါင်း ၃ သန်းကျော်သို့ ရောက်ရှိပါတယ်။ စီးရေ ၁ သန်းပြည့်မိုင်တိုင်ကို Tesla စီအီးအို Elon Musk က လူမှုကွန်ရက်ပလက်ဖောင်း Twitter ပေါ်မှာ အသိပေးကြေညာခဲ့ပါတယ်။
Congrats Giga Shanghai on making millionth car! Total Teslas made now over 3M. pic.twitter.com/2Aee6slCuv
— Elon Musk (@elonmusk) August 14, 2022
Tesla ရဲ့ တရုတ်ပြည်မှ အင်အားစုက မမောနိုင်မပန်းနိုင် လုပ်ကိုင်ပြီး Tesla ရဲ့ အရောင်းရဆုံး မော်တော်ယာဉ်တွေကို ထုတ်လုပ်ပေးတဲ့အပြင် ပြည်ပသို့လည်း တင်ပို့ပေးနေပါတယ်။ Gigafactory Shanghai မှ ကားအမြောက်အမြား Shanghai South Port Terminal မှတစ်ဆင့် ကားတင်သင်္ဘောဖြင့် ပြည်ပသို့ တင်ပို့လျက် ရှိကြောင်း #MyanmarAutomobileGuide မှာ မှတ်တမ်းတင် ဗီဒိယိုနှင့်တကွ ဖော်ပြခဲ့ပြီးပါပြီ။
Tesla ရှန်ဟိုင်းကားစက်ရုံ အလုံးအရင်းဖြင့် Model Y များ ပြည်ပတင်ပို့
Tesla က တစ်နှစ်လျှင် ကားစီရေး ၂ သန်း ထုတ်လုပ်နိုင်ရေးကို ရည်မှန်းချက် ပန်းတိုင်ထားပြီး အကောင်အထည်ဖော်လျက် ရှိပါတယ်။ Elon Musk က Twitter မှာ ပြောကြားခဲ့တာက ယခုအခါ တစ်နှစ်တာအတွက် လည်ပတ်နှုန်း run rate က စီးရေ ၁.၅ သန်း ရရှိနေပါပြီ။ အခုလို အောင်မြင်မှုများ ရရှိနေတာဟာ Tesla ဝန်ထမ်းများ အလုပ်ကြိုးစားကြတာ အဓိက အကြောင်းရင်းပါလို့ Elon Musk က ပြောကြားပါတယ်။
“နှစ်ကုန်မှာ ကားအစီးရေ ၂ သန်း လည်ပတ်နှုန်းကို ရရှိဖို့ ရည်မှန်းထားပါတယ်။ Tesla အဖွဲ့သားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ကျွန်တော်တို နှစ်စဉ် ယူနစ် ၁.၅ သန်း လည်ပတ်နှုန်းကို ရရှိနေပြီဖြစ်ပါတယ်” လို့ သူက ရေးသားခဲ့ပါတယ်။ Tesla က စီးရေ ၁ သန်း မိုင်တိုင်ကို ၂၀၂၀ မတ်လမှာ ကျော်ဖြတ်ခဲ့ပါတယ်။ ၂၀၂၂ ဇူလိုင်လမှာ ၂ သန်းမြောက် စီးရေကို အမေရိကန်နိုင်ငံရှိ Tesla ပထမဆုံးစက်ရုံ Fremont ကားစက်ရုံမှ ထုတ်လုပ်ခဲ့ပါတယ်။၊ ယခု တစ်လမပြည့်ခင်မှာ နောက်ထပ် ၁ သန်း ပြည့်သွားခဲ့ပြန်ပါတယ်။ Tesla အဖို့ ၃ သန်းမြောက်ကားဖြစ်ပြီး Giga Shanghai အဖို့ ၁ သန်းမြောက် ကားကို ထုတ်လုပ်လိုက်ပါတယ်။
ထူးခြားချက် တစ်ခုကတော့ ကားကိုယ်ထည် အနီရောင်တွေချည်း ဖြစ်နေတာ ဖြစ်ပါတယ်။ ၂၀၂၀ စီးရေ ၁ သန်း မိုင်တိုင်ကို အနီရောင် Model Y ဖြင့် ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ အနီရောင် Model 3 Performance ဖြင့် စီးရေ ၂ သန်း မိုင်တိုင်ကို ရောက်ရှိခဲ့ပတယ်။ ယခု စီးရေ ၃ သန်းကိုလည်း ပုံမှာ, ဖော်ပြထားတဲ့အတိုင်း အနီရောင် Model Y ဖြင့် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U
Source: teslarati