Tesla ဂျာမန်ဘီယာ စတင်ရောင်းချ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အီးဗီ ထုတ်လုပ်တဲ့ Tesla က ဂျာမန်ဘီယာကို GigaBier အမည်ဖြင့် ရောင်းချပါတယ်။ အရေအတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်ရောင်းချမှာဖြစ်ပြီး မတန်တဆ ဈေးဖြင့် ရောင်းချပါတယ်။
Tesla မှ ထုတ်လုပ်တော့မယ့် Cybertruck ပစ်ကပ်ထရပ် စတိုင်လ်ဖြင့် ဒီဇိုင်းထုတ်ထားတဲ့ ဖန်သားအမှောင် ဖန်ပုလင်းငယ်ဖြင့် ဘီယာ 0.33-litre ထည့်ပေးထားပါတယ်။
ဘီယာတစ်ဘူးမှာ ၃ ပုလင်း ထည့်ပေးထားပါတယ်။
ဘီယာကို ဂျာမနီမှ ဘီယာချက်တာ ကျွမ်းကျင်သူများက ထုတ်လုပ်ပေးပါတယ်။ ဘီယာဖြန့်ဖြူးရေးကို BrouwUnie က လုပ်ဆောင်ပါတယ်။
ဘီယာ ၃ ပုလင်းပါ တစ်ဘူးကို ယူရို ၈၉ ဖြင့် ရောင်းချပြီး ဥရောပမှာသာ ရောင်းချပါတယ်။
အမေရိကန်ဒေါ်လာနဲ့တွက်ရင် တစ်ပုလင်း ဒေါ်လာ ၃၀ ဖြစ်ပါတယ်။
Source: electrek
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U