TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla သည် မျိုးဆက်သစ်ကားများ၏ ကုန်ကျစရိတ်ကို ထက်ဝက်လျှော့ချကာ ဆန်းသစ်တီထွင်ထုတ်လုပ်သည့် စက်ရုံငယ်များဖြင့် လျှော့ချမည်ဖြစ်သည်။
ထို့ပြင် Tesla သည် မော်တော်ယာဉ်များကို ဝိုင်ယာကြိုးများနှင့် ထရန်စစ္စတာ သုံးစွဲမှု လျော့နည်းစေရန် ဒီဇိုင်းထုတ်မည်။
Tesla မှ ပုံမှန်ကျင်းပနေကြဖြစ်သည့် ရင်းနှီးမြှုပ်နှံသူနေ့ investor day တွင် ကုမ္ပဏီ၏ ရှေ့လုပ်ငန်းစဉ်များကို ၃ နာရီခွဲကြာ ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါပွဲကို ၂၀၂၃ မတ်လ ၁ ရက်တွင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ဩစတင်တွင် ကျင်းခဲ့ပါသည်။
Tesla စီအီးအို Elon Musk က မက္ကဆီကိုတွင် Monterrey အနီး စက်ရုံအသစ်တစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။
မက္ကဆီကို စက်ရုံသည် အခြားသော စက်ရုံများတွင်လည်း မျိုးဆက်သစ် မော်တော်ကားများကို ထုတ်လုပ်မည်ဖြစ်ကြောင်း၊ အခြားစက်ရုံများတွင်လည်း ထုတ်လုပ်မည်ဖြစ်ကြောင်း သူနှင့် အမှုဆောင်အရာရှိများက ပြောကြားခဲ့သည်။
၎င်းမျိုးဆက်သစ်ကားများသည် ဈေးသက်သာမည်ဟု ဆိုသည်။
ဘဏ္ဍာရေးအရာရှိချုပ် Zachary Kirkhorn က ကုမ္ပဏီသည် အစောပိုင်း Models S နှင့် X နှင့် ဒုတိယမျိုးဆက်၊ Models 3 နှင့် Y အကြား ကုန်ကျစရိတ်များကို ထက်ဝက်လျှော့ချထားကြောင်း ပြောကြားခဲ့သည်။ လာမည့်မျိုးဆက်သစ်တွင်လည်း အလားတူပင် ကုန်ကျစရိတ် သက်သာအောင် လျှော့ချမည်ဟု သူက ဆိုသည်။ ထို့ပြင် အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်အောင်လည်း ဆောင်ရွက်သွားမည်ဟု သူက ပြောကြားသည်။
Master Plan အသစ်တွင် ထုတ်ကုန်မြင့်မားတိုးတက်ရေး၊ ထုတ်လုပ်စီးရေ အရှိန်အဟုန်ဖြင့် တိုးလာရေးနှင့် နည်းပညာမြင့်မားတိုးတက်ရေးတို့ ပါဝင်သည်ဟု Kirkhorn မှ ပြောကြားခဲ့သည်။
Click Here > Lucky Bags & Swallow Plastic
ဝိုင်ယာကြိုးများနှင့် ထရန်စစ္စတာ သုံးစွဲမှုမျာ လျော့နည်းသော မော်တော်ယာဉ်များကို ဒီဇိုင်းထုတ်မည်ဟုလည်း ကုမ္ပဏီက ပြောကြားခဲ့သည်။ ဘက်ထရီတွင် ဈေးအလွန်ကြီးသည့် မြေရှားသတ္တုများ သုံးစွဲခြင်းကိုလည်း လျော့နည်းစေမည်ဟု ဆိုသည်။
လက်ရှိတွင် ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံကို တရုတ်နိုင်ငံက ထုတ်လုပ်လျက် ရှိသည်။
Tesla ၏ ဒီဇိုင်းအကြီးအကဲ Franz Von Holzhausen က ကုမ္ပဏီသည်လျှပ်စစ်ကားထုတ်လုပ်မှု ၂၀၃၀ ခုနှစ်အရောက်တွင် တစ်နှစ်လျှင် ကားအစီးရေ သန်း ၂၀ ရရှိရန် ဟူသည် မြင့်မားသော ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိဖို့ ဆိုသည်မှာ ကုန်ကျစရိတ်များကို သိသိသာသာ လျှော့ချရမည်ဟု ပြောကြားခဲ့သည်။
Tesla သည် ယခုနှစ်တွင် အစီးရေ ၁.၈ သန်း ထုတ်လုပ်ရန် မျှော်မှန်းထားသည်။
ကုမ္ပဏီသည် ကားများကို သေးငယ်သည့် မော်ဂျူလာယူနစ်များဖြင့် တည်ဆောက်မည်ဖြစ်ပြီး ယင်းယူနစ်များကို ပေါင်းစပ်ကာ ကားထုတ်လုပ်မည်ဟု ၎င်းက ဆိုသည်။ ၎င်းစနစ်သည် နေရာအကျယ်အဝန်း အနည်းငယ်သာ လိုအပ်မည် ဖြစ်သည်။ သို့ဖြစ်ရာ စက်ရုံအသစ်သည် လက်ရှိ ဩစတင်မှ စက်ရုံ အရွယ်အစား တစ်ဝက်မျှသာ ရှိမည် ဖြစ်ပြီး ကုန်ကျစရိတ် ၆၅% လျော့နည်းမည် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
မျိုးဆက်သစ်ကား ကုန်ကျစရိတ်သည် $25,000 ဝန်းကျင်သာ ရှိလိမ့်မည်ဟု ဆိုသည်။
Source AP
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
investor day ၂၈ မိနစ် တည်းဖြတ် ဗီဒီယိုမှတ်တမ်းနှင့် အစအဆုံး ဗီဒီယိုမှတ်တမ်းတို့ကို ဖော်ပြအပ်ပါသည်။
၂၈ မိနစ် တည်းဖြတ်
အစအဆုံး