Tesla ရဲ့ တန်းမြင့် Model S Plaid နှင့် Model X Plaid တို့ကို တရုတ်ဈေးကွက်တွင် စတင်ရောင်းချတော့မည်


Tesla ရဲ့ တန်းမြင့် Model S Plaid နှင့် Model X Plaid တို့ကို တရုတ်ဈေးကွက်တွင် စတင်ရောင်းချတော့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံရှိ Tesla Model S နှင့် Model X ဝယ်စီးလိုသည်များ များမကြာခင်မှာ ဆန္ဒပြည့်ကြတော့မှာ ဖြစ်ပါတယ်။ 

လျှပ်စစ်ကား ထုတ်လုပ်သူ Tesla က Tesla Model S ဆီဒင်နှင့် Model X SUV တို့ကို ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း စတင်ရောင်းချပေးမည်လို့ ကြေညာပါတယ်။ Model S Plaid နှင့် Model X Plaid  တို့ရဲ့ ရောင်းဈေးအသီးသီးကို ၂၀၂၃ ဇန်နဝါရီလ ၆ ရက်နေ့မှာ ဝဘ်ဆိုက်မှာ တင်ပေးမယ်လို့ ဆိုပါတယ်။ ယွမ် ၁ သန်း ($144,000) ဝန်းကျင်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ 
.
ယခုလု အသိပေးကြေညာခဲ့တာကို တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ အထင်ကရ ကားပြပွဲ ကွမ်ကျိုးကားအပြပွဲ Guangzhou Auto Show မှာ ကြေညာခဲ့ပြီး တရုတ်နိုင်ငံ လူမှုကွန်ရက်ပလက်ဖောင်း Weibo ရဲ့  Tesla China အကောင့်စာမျက်နှာမှာလည်း အသိပေးထားပါတယ်။  Model S Plaid နှင့် Model X Plaid တို့ဟာ "ထူးထူးခြားခြားဖြစ်ဖို့ မွေးဖွားလာတာ" “born to be extraordinary” လို့ ဆိုထားပါတယ်။ မော်တော်ကားများ၏ စံသတ်မှတ်ချက်ကို ပြန်လည်သတ်မှတ်ပေးလိုက်တဲ့ ကားမော်ဒယ်တွေလို့လည်း ဆိုပါတယ်။ 


Guangzhou Auto Show မှာ Tesla China က ပါဝင်ပြသထားတဲ့ ပုံတွေလည်း တင်ပြထားပါတယ်။ ပွဲလာရောက်သူတွေ Model S Plaid နှင့် Model X Plaid တို့ကို  စိတ်ဝင်စားမှုူ ရေချိန်မြင့်မားနေတယ်လို့ ဆိုပါတယ်။ မော်ဒယ် နှစ်ခုစလုံးဟာ ဈေးမြင့်ကြပါတယ်။ ဒါပေမဲ့ ၎င်းတို့ထက် ဈေး နှစ်ဆသုံးဆပိုများတဲ့ အိမ်စီးပြိုင်ကားတွေထက် ၎င်းတို့က စွမ်းဆောင်ရည် သာတဲ့အပြင် လျှပ်စစ်ကားစစ်စစ်များ ဖြစ်နေတဲ့အတွက် ဝယ်စီးလိုသူတွေက 'ဈေးမြင့်ပေမဲ့ တန်တယ်' လို့ ယူဆကြပါတယ်။ 
.
Model S Plaid မှာ မော်တော်သုံးလုံး ထိုင်ပေးထားပြီး စုစုပေါင်း 1,000 hp ကျော်တဲ့အထိ ထုတ်ပေးနိုင်ပါတယ်။ ဒီတော့ 0-60 mph ကို ၁.၉ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်စွမ်း ရှိပါတယ်။ 
.
Model X Plaid ကတော့ Model S Plaid လောက် အရှိန်တင်ပေးနိုင်ခြင်း မရှိပါ။ 0-60 mph ကို အရှိန်တင်ဖို့ ၂.၅ စက္ကန့် ကြာပါတယ်။ 
.
Tesla က  Model S Plaid  ကို အမေရိကန်မှ ၂၀၂၁ ဇွန်လမှာ စတင်ဖြန့်ဖြူးခဲ့ပါတယ်။ 
Source: teslarati

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 


 

Read 2056 times