Tesla Model Y ဥရောပ အရောင်းရဆုံး ကားအဖြစ်သို့ ပထမဆုံးအကြိမ် ရောက်ရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla Model Y သည် ဥရောပ၏ အရောင်းရဆုံး ကားအဖြစ်သို့ ပထမဆုံးအကြိမ် ရောက်ရှိပါတယ်။
Tesla သည် ကမ္ဘာ့လျှပ်စစ်ကားစျေးကွက်တွင် အခြေအနေ ကောင်းနေပြီး Model Y သည် ဈေးကွက်ထဲ 'ပေါက်' တဲ့ကား ဖြစ်လာပါတယ်။
စက်တင်ဘာလတွင် Tesla Model Y သည် ဩစတြေးလျဈေးကွက်မှာ ရောင်းအားအကောင်းဆုံး SUV ဖြစ်ခဲ့ကာ ၄,၃၅၉ စီး ရောင်းချခဲ့ပါတယ်။
ကားမော်ဒယ်အမျိုးစုံ ကားသစ်ရောင်းချမှုတွင် တတိယမြောက် ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ပထမနေရာမှာ Toyota Hilux (၅,၁၇၀ စီး) နှင့် ဒုတိယနေရာမှာ Ford Ranger(၄,၈၉၀ စီး) ရှိနေပါတယ်။
.
ဂျာမနီမှာ Tesla Model Y က အရောင်းရဆုံး ကားမော်ဒယ် ဖြစ်ခဲ့ပါတယ်။ Volkswagen Golf နှင့် Volkswagen Tiguan တို့ကို ကျော်တက်သွားပါတယ်။
.
ဥရောပဈေးကွက်မှာလည်း Tesla Model Y က အရောင်းရဆုံး အဖြစ်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ်။
လန်ဒန်အခြေစိုက် JATO Dynamics က ပြောကြားရာတွင် "Tesla ရဲ့ SUV ဖြစ်တဲ့ Model Y လျှပ်စစ်ကားက ဥရောပတွင် နံပါတ် (၁) နေရာကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ မှတ်ပုံတင်တဲ့ Model Y ကား ၂၉,၃၆၇ စီးရှိခဲ့ပြီး ယခင်နှစ်ထက် ၂၂၇ ရာခိုင်နှုန်း တိုးပါတယ်"
ဥရောပမှာ ဒုတိယအများဆုံး မှတ်ပုံတင်တဲ့မော်ဒယ်က Peugeot 208 ဖြစ်ပါတယ်။
တတိယနေရာမှာ Renault ရဲ့ Dacia Sandero ရှိနေပါတယ်။
ဈေးနှုန်းတွေကို ကြည့်ရင် Peugeot 208 နှင့် Dacia Sandero နှစ်မျိုးစလုံး Model Y ထက် ဈေးသက်သာပါတယ်။
.
ယခုနှစ် ၂၀၂၂ ဩဂုတ်လမှာ ဈေးပိုသက်သာတဲ့ နောက်ဘီးယက် ဗာရှင်း Model Y ကို ဥရောပ ဈေးကွက်အတွက် စတင်ထုတ်လုပ်ခဲ့ပါတယ်။ ခရီးတာ ၄၅၅ ကီလိုမီတာအထိ ရပါတယ်။
ဥရောပဈေးကွက်အတွက် ခရီးဝေး ဗားရှင်း Model Y က ခရီးတာ ၅၃၃ ကီလိုမီတာအထိ ရပါတယ်။
ဈေးသက်သာတဲ့ နောက်ဘီးယက် Model Y ရဲ့ အများဆုံး အမြန်နှုန်း 217 km/h ဖြစ်ပါတယ်။ 0-100 km/h ကို ၆.၉ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။ အခြေခံဈေးနှုန်းက ယူရို ၅၀,၀၀၀ ဖြစ်ပါတယ်။ ခရီးဝေးဗားရှင်းထက် ယူရို ၁၆,၀၀၀ ဈေးသက်သာပါတယ်။
.
ဂျာမနီရှိ Berlin Gigafactory စက်ရုံအသစ်က စက်တင်ဘာလကုန်မှာ တစ်ပတ်လျှင် Model Y စီးရေ ၂,၀၀၀ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း Tesla က အတည်ပြုပြောကြားပါတယ်။
Source gizchina
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U