စင်ကာပူတွင် Tesla Model Y စတင်ပေးပို့


စင်ကာပူတွင် Tesla Model Y စတင်ပေးပို့


Tesla လျှပ်စစ်ကားစစ်စစ် Model Y crossover ကို စင်ကာပူမှ မှာကြားထားသူများထံ စတင်ပေးပို့နေပါတယ်။ Tesla က ဇွန်လမှာ အာရှဈေးကွက်မှ စင်ကာပူ၊ ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်တို့မှ အမှာစာများ လက်ခံခဲ့ပြီး ယခုအခါ မှာကြားထားသူများထံ ကားပေးပို့နေပါတယ်။

 

Tesla က Model ကို ရွေးစရာ အဆင့် ၂ မျိုးဖြင့် ကမ်းလှမ်းခဲ့ပါတယ်။ အခြေခံ နောက်ဘီးယက် Model Y  ဈေးနှုန်းက  SGD$91,990 ($66,635.52) ဖြစ်ပြီး Performance ဈေးနှုန်းက SGD$110,990 ($80398.70) ဖြစ်ပါတယ်။

စင်ကာပူအစိုးရရဲ့  EV Early Adoption Incentive အရ ဆောလျင်စွာ အီးဗီဝယ်စီးတဲ့သူတွေကို မက်လုံးအဖြစ် ပြန်အမ်းငွေ ချီးမြှင့်ပါတယ်။ ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက် မတိုင်ခင် အီးဗီ ဝယ်စီးလျှင် ပြန်အမ်းငွေ SG$25,000 ($17,919.75) ရရှိမှာဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက် နောက်ပိုင်း ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက် မတိုင်ခင် ဝယ်စီးရင် ပြန်အမ်းငွေ SG$20,000 ($14,335.80) ရရှိမယ်လို့ Tesla က ပြောကြားပါတယ်။

 

စင်ကာပူဈေးကွက်အတွက် Model Y ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Gigafactory Shanghai မှာ ထုတ်လုပ်ပါတယ်။  Tesla ကားများ ဘက်ထရီအားသွင်းဖို့ Supercharger အခြေခံအဆောက်အအုံကို ယမန်နှစ်က Model 3 များ စင်ကာပူကို စတင်ရောက်ရှိလာစဉ်မှာ စတင်တည်ဆောက်ခဲ့ပါတယ်။


 CleanTechnica ရဲ့ အချက်အလက်များအရ Model Y ဟာ ကမ္ဘာ့ ဒုတိယ အရောင်းရဆုံး အီးဗီ ဖြစ်ပါတယ်။ ကမ္ဘာ့အရောင်းရဆုံး အီးဗီက တရုတ်ပြည်တွင်း ဈေးကွက်မှာ ရောင်းချတဲ့ Wuling HongGuang Mini EV ဖြစ်ပါတယ်။

 

Source teslarati

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 1202 times