Tesla Model Y တစ်စီးကို ၂ နာရီခွဲအတွင်း ထုတ်လုပ်နိုင်သည့် "Tesla Speed"


Tesla Model Y တစ်စီးကို ၂ နာရီခွဲအတွင်း ထုတ်လုပ်နိုင်သည့် "Tesla Speed"

Tesla သည် တရုတ်နိုင်ငံတွင် Model Y ကို ပထမဆုံး စလုံးရေစ အစပြုသည့်နေရာမှ အပြီးသတ် စင်းလုံးချော ကားထုတ်လုပ်ပြီးစီးသည်အထိ  နှစ်နာရီခွဲအတွင်း တည်ဆောက်နိုင်သည်။

New China TV မှ မကြာသေးမီက လွှင့်တင်ထားသော  ဗီဒီယိုသည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Tesla ကား စက်ရုံ Giga Shanghai တွင်  Tesla Model Y ထုတ်လုပ်ပုံ အဆင့်ဆင့်ကို မှတ်တမ်းရိုက်ကူးထားသည်။
.
Tesla သည် ၎င်း၏ နောက်ဆုံးပေါ်နည်းပညာများဖြင့် ကားများကို ထုတ်လုပ်လျက် ရှိသည်။

Tesla Inc စီအီးအို Elon Musk က ပြိုင်ဘက်များအကြား Tesla က ဦးဆောင်သူနေရာကို ရရှိထားသည်မှာ ထုတ်လုပ်မှုတွင် ၎င်းတို့ထက် ခေါင်းတစ်လုံးစာ ပိုမြင့်နေသောကြောင့် ဖြစ်သည်ဟု ပြောကြားလေ့ရှိသည်။
ကုမ္ပဏီသည် မကြာသေးမီကမှ ဂျာမနီတွင် စက်ရုံအသစ်တစ်ခု၊ အမေရိကန်တွင် အသစ်တစ်ခု ဖွင့်လှစ်ခဲ့သည်။ မက္ကဆီကိုတွင် နောက်ထပ်တစ်ခု ဖွင့်လှစ်မည်ဟု ကြေညာခဲ့သည်။

Tesla ၏ ပထမမူလ ပင်မစက်ရုံသည် အမေရိကန် ကယ်လီဖိုးနီးယားတွင် တည်ရှိပြီး ကားများ ထုတ်လုပ်နေဆဲ ဖြစ်သော်လည်း ထုတ်လုပ်မှုစွမ်ူရည်သည် Giga Shanghai ကို မမီချေ။
Giga Shanghai သည် Tesla ၏ အကြီးဆုံး၊ အအောင်မြင်ဆုံး ဖြစ်သည်။ တရုတ်ပြည်တွင်းဈေးကွက်အတွက်သာမက ပြည်ပသို့လည်း တင်ပို့ရန်အတွက်လည်း ထုတ်လုပ်ကြသည်။

ယခုတင်ပြသည့် မှတ်တမ်းဗီဒီယိုသည် မိနစ် ၃၀ နီးပါး ကြာမြင့်ပြီး "Tesla Speed" ကို အသားပေး တင်ပြထားသည်။ "Tesla Speed"  ဟု ဆိုကြသည့် ကားထုတ်လုပ်သည့် အမြန်နှုန်းသည် လူကြိုက်များသည့် Tesla Model Y တစ်စီးကို ၂ နာရီခွဲအတွင်း ထုတ်လုပ်နိုင်သည်။

ကားထုတ်လုပ်မှု မြန်ဆန်ပုံကို ပြောကြသည့်အခါ တပ်ဆင်ရေးလိုင်းမှ ၃ မိနစ် တစ်စီး၊ ၅ မိနစ်တစ်စီး ထွက်လာသည် စသဖြင့် ပြောဆိုကြသည်။ အစမှ အဆုံးအထိ ကြာမြင့်ချိန်ကို ပြောဆိုမည်ဆိုပါက ပျမ်းမျှအားဖြင့် ၁၈ မှ ၃၅ နာရီ အထိ ပုံမှန်အားဖြင့် ကြာမြင့်ပါသည်။

Tesla China သည် Giga Shanghai တွင် တစ်ပတ်လျှင် အီးဗီ အစီးရေ ၂ သောင်းအထိ တိုးမြှင့်ရန် ရည်မှန်းထားပါသည်။
တစ်လလျှင် Model 3 နှင့် Model Y အီးဗီများ အနည်းဆုံး အစီးရေ ၈ သောင်း ထုတ်လုပ်မည် ဖြစ်သည်။

Source: New China TV (YouTube) 
 

Read 269 times