Tesla ၏ ဂျာမန်စက်ရုံ တစ်ရက် နှစ်ဆိုင်းသို့ တိုးကာ ထုတ်လုပ်မှု အရှိန်မြှင့်တင်
Tesla က ကမ္ဘာတစ်ဝှမ်းရှိ ၎င်းရဲ့ စက်ရုံများကို တပ်ဆင်လိုင်းများကို အဆင့်မြှင့်တင်ခြင်း၊ အလုပ်ဆင်းသည့် အဆိုင်း ထပ်ထည့်ခြင်းတို့ဖြင့် အီးဗီ ထုတ်လုပ်မှုကို အရှိန်မြှင့်ပေးလျက်ပါတယ်။
Tesla က မကြာသေးမီက ဂျာမနီနိုင်ငံ၊ ဘာလင်မြို့အနီး တည်ရှိတဲ့ ၎င်းရဲ့ နောက်ဆုံးစက်ရုံကို အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။ ယခု ဩဂုတ်လမှာ ယခင် တစ်ရက် တစ်ဆိုင်းသာ အလုပ်ဆင်းခဲ့ရာမှ တစ်ရက် နှစ်ဆိုင်းသို့ တိုးမြှင့်လိုက်ပါတယ်။
စစချင်းမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဖရီမောင့်မှာ တည်ရှိတဲ့ စက်ရုံအဟောင်းတစ်ခုကို ပြန်လည်မွမ်းမံပြီး အီးဗီ အိမ်စီးပြိုင်ကား အကောင်းစားများ စတင်ထုတ်လုပ်ခဲ့ပါတယ်။
ထို့နောက် တရုပ်ပြည် ရှန်ဟိုင်းမှာ စက်ရုံတစ်ရုံ ထပ်တိုးပါတယ်။ ယခု ဘာလင်မှ စက်ရုံက တတိယမြောက် စက်ရုံဖြစ်ပြီး စတုတ္ထမြောက် စက်ရုံက အမေရိကန်နိုင်ငံ တက္ကဆက်မှာ တည်ရှိတဲ့ Tesla Giga Nevada ဖြစ်ပါတယ်။
ပဥ္စမမြောက် စက်ရုံကို ကနေဒါနိုင်ငံမှာ ထားရှိဖို့ ကနေဒါအစိုးရနှင့် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
Tesla သည် တပ်ဆင်လိုင်းများနှင့် ဆက်စပ်ပစ္စည်းများကို အခါအားလျော်စွာ အဆင့်မြှင့်တင်ရန်အတွက် စက်ရုံတွင် ထုတ်လုပ်မှု ၂ ပတ် ရပ်ဆိုင်းလေ့ ရှိပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ Tesla တတိယမြောက် စက်ရုံ Gigafactory Shanghai မှာ Model Y ထုတ်လုပ်ရေးလိုင်းကို ၂ ပတ် ပိတ်ထားပြီး အဆင့်မြှင့်တင်ခဲ့ပါတယ်၊
ထို့နောက် ၎င်းစက်ရုံမှ Model 3 ထုတ်လုပ်ရေးလိုင်းကို အလုပ်ပိတ်ထားပြီး အဆင့်မြှင့်တင်နေပါတယ်။၊
စတုတ္ထမြောက် စက်ရုံ Giga Berlin က လောလောဆယ် Model Y crossover ထုတ်လုပ်ပါတယ်။
ထုတ်လုပ်မှု ၂ ပတ် ရပ်နားပြီး အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။ စက်ရုံ ပြန်လည် လည်ပတ်ပြီးတဲ့နောက်မှာ တစ်ပတ်လျှင် အီးဗီစီးရေ ၁,၀၀၀ ခန့် ထုတ်လုပ်နေပါတယ်။
ထိုသို့ ရှိရာမှ တစ်ရက် တစ်ဆိုင်းအစား နှစ်ဆိုင်း ဆင်းပြီး ထုတ်လုပ်မှုကို တိုးမြှင့်မှာ ဖြစ်ပါတယ်။၊
Giga Berlin မှာ လုပ်သားအင်အား ဦးရေ ၅,၀၀၀ ခန့် ရှိပါတယ်။ နှစ်ဆိုင်းဆင်းပြီးလုပ်ကိုင်တဲ့အခါ လုပ်သားအင်အားစု အင်အား ထပ်ဖြည့်ထည့်တာကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကြပါတယ်။
ဇွန်လကုန်တုန်းက Giga Berlin မှာ ဇူလိုင်လ ၄ ရက်မှ စ၍ ၃ ဆိုင်း ဆင်းပြီး ထုတ်လုပ်မှု မြှင့်တင်မှာ ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုမှ ၂ ဆိုင်းဆင်းတဲ့ အဆင့်သို့သာ တိုးမြှင့်နိုင်ပါသေးတယ်။
၃ ဆိုင်းဆင်းပြီး ထုတ်လုပ်တဲ့အခါ စက်ရုံက တစ်ရက် ၂၄ နာရီ ပတ်လည် လုပ်ကိုင်မှာ ဖြစ်ပြီး တစ်ပတ်လျှင် စီးရေ ၃,၀၀၀ ခန့် ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။
လက်ရှိအခြေအနေနှင့် အနေအထားအရ ၃ ဆိုင်းဆင်းတာကို ၂၀၂၂ အောက်တိုဘာလကျမှ စတင်နိုင်မယ်လို့ မှန်းဆထားပါတယ်။ ယခုနှစ်ကုန်မှာ Giga Berlin က တစ်ပတ်လျှင် စီးရေ ၅,၀၀၀ ထုတ်နိုင်တဲ့အထိ လုပ်ဆောင်ဖို့ ရည်မှန်းချက် ချထားပါတယ်။
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U
Source:insideevs