Tesla အားသွင်းစနစ် သုံးစွဲရန် သဘောတူထားသည့် ကားကုမ္ပဏီများ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အမေရိကန်တွင် Tesla ၏ မူပိုင်ဖြစ်သော North American Charging Standard (NACS) သုံးစွဲသည့် Supercharger အားသွင်းကွန်ရက်ကို အခြားကားကုမ္ပဏီများက သုံးစွဲရန် သဘောတူညီချက် ရယူခဲ့ကြပါသည်။
Society of Automotive Engineers (SAE) International ကလည်း NACS connector ကို စံအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။
Tesla ၏ NACS အားသွင်းပလပ်ကို သုံးစွဲရန် အဦးဆုံး သဘောတူခဲ့သည့် ကားကုမ္ပဏီမှာ Ford ဖြစ်ပြီး ၂၀၂၃ ခုနှစ်မေလတွင် သဘောတူညီမှု ရယူခဲ့ပါသည်။
Ford မှ ထုတ်လုပ်သော အီးဗီများသည် ၂၀၂၄ ခုနှစ် နွေဦးမှစ၍ Tesla Supercharger ကွန်ရက်ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။
လက်ရှိတွင် Ford မှ ထုတ်လုပ်သော အီးဗီများ ဖြစ်ကြသည့် Ford F-150 Lightning နှင့် Mustang Mach-E တို့သည် အမေရိကန်အစိုးရမှ အများသုံးရန် သတ်မှတ်ထားသည့် Combined Charging System (CCS) အမျိုးအစားကို သုံးစွဲပါသည်။ adapter ဖြင့် Tesla Supercharger မှာ အမြန်အားသွင်းဘရမည် ဖြစ်သည်။
၂၀၂၅ မှစ၍ Ford ၏ အီးဗီအသစ်များတွင် NACS ပလပ် ပါလာမည် ဖြစ်ပါသည်။
GM-General Motors သည် NACS ကို သုံးစွဲရန် သဘောတူညီချက်ကို ဒုတိယမြောက် ရယူသူ ဖြစ်ပါသည်။ GM EV များသည်လည်း ၂၀၂၄ ခုနှစ်တွင် Tesla Supercharger ကို ကားမှ CCS အပေါက်တွင် adapter ဖြင့်စတင်သုံးစွဲနိုင်မည် ဖြစ်သည်။ GM EV များတွင် ၂၀၂၅ မှစ၍ NACS ပါလာမည် ဖြစ်သည်။
Rivian မှ ထုတ်လုပ်သည့် R1T ပစ်ကပ်ထရပ်နှင့် R1S SUV တို့တွင် ၂၀၂၅ မှစ၍ NACS အပေါက် ပါလာမည် ဖြစ်သည်။ ၎င်းမော်ဒယ်များအတွက် adapter ကို ၂၀၂၄ တွင် စတင်ရရှိမည် ဖြစ်သည်။
Polestar နှင့် Volvo တို့သည် အမေရိကန် အခြေစိုက်မဟုတ်သော ကားကုမ္ပဏီများဖြစ်ပါသည်။ အမေရ်ကန်ပြင်ပ ကားကုမ္ပဏီအနေဖြင့် NACS အပေါက်ပါသော အီးဗီများကို ၂၀၂၅ တွင် စတင်ထုတ်လုပ်မည် ဖြစ်သည်။ ထိုအီးဗီများတွင် NACS-to-CCS adapter ထည့်ပေးမည်ဖြစ်ရာ NACS နှင့် CCS ၂ မျိုးစလုံးဖြင့် အားသွင်းနိုင်မည် ဖြစ်သည်။
Kia နှင့် Genesis အမှတ်တံဆိပ်များ Tesla Supercharger သုံးစွဲနိုင်ရန်အတွက် Hyundai သည် Tesla နှင့် ဆွေးနွေးနေဆဲ ဖြစ်ပါသည်။
Chrysler, Dodge, Jeep, Maserati, Ram အစရှိသည့် အမှတ်တံဆိပ်များဖြင့် ကားများ ထုတ်လုပ်သည့် Stellantis သည် Tesla Supercharger သုံးစွဲရန် ဆုံးဖြတ်ထားပြီးပြီ ဖြစ်သော်လည်း အကောင်အထည်မည့် အစီအစဉ်ကို မကြေညာသေးပါ။
Audi, Bentley, Bugatti, Porsche, VW, Lamborghini အစရှိသည့် အမှတ်တံဆိပ်များဖြင့် ကားများ ထုတ်လုပ်သည့် Volkswagen သည် ကိုယ်ထူကိုယ်ထ အားသွင်းကွန်ရက်ကို အမေရိကန်တွင် ထူထောင်ဆဲ ဖြစ်ပြီး Tesla နှင့် ဆွေးနွေးမှု မပြုသေးပါ။
Volkswagen Group မှ ပိုင်ဆိုင်သည့် အားသွင်းကွန်ရက်လုပ်ငန်း Electrify America က NACS connector အသုံးပြုမည်ဖြစ်ကြောင်း ကြေညာပါသည်။ ၎င်း၏ အားသွင်းရုံများတွင် ၂၀၂၅ တွင် NACS စတင်သုံးစွဲမည် ဖြစ်ပါသည်။
Source Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL