Tesla စက်ရုံအသစ်နှစ်ခုတွင် ထုတ်လုပ်မှုတိုးမြှင့်ရန် အပါအဝင် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်


Tesla စက်ရုံအသစ်နှစ်ခုတွင် ထုတ်လုပ်မှုတိုးမြှင့်ရန် အပါအဝင် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

Tesla တင်ပြသော အစီရင်ခံစာအရ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ  ရင်းနှီးမြှုပ်နှံမှု ထပ်ထည့်မည်။

စက်ရုံများ တိုးချဲ့ရန်နှင့် ဘက်ထရီအသစ် ထုတ်လုပ်နိုင်ရန်တို့အတွက် အဓိကအားဖြင့် သုံးစွဲမည်။

ထို့ပြင် အခြားစီမံကိန်းတို့အတွက်လည်း သုံးစွဲမည်။

၂၀၂၂ တွင် အရင်းအနှီးပြုသည့် အသုံစရိတ်ကို အမေရိကန်ဒေါ်လာ ၆ ဘီလီယံမှ ၈ ဘီလီယံအထိ တိုးမြှင့် သုံးစွဲမည်။

ယခင်က ကြိုတင်ခန့်မှန်းထားသည်မှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံမှ ၇ ဘီလီယံအထိ သုံးစွဲရန် ဖြစ်သည်။ 

U.S. Securities and Exchange Commission (SEC) သို့ Tesla က ၃လပတ် အစီရင်ခံစာ တင်ပြခဲ့ရာတွင် ယခုလို တိုးမြှင့်မည့်အကြောင်း အသိပေးထားသည်။

bitcoin များ ဈေးပြိုကျသဖြင့် bitcoin တွင် ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ဆုံးရှုံးခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အရင်းအနှီးထပ်ဖြည့်ထည့်ပြီး စက်ရုံအသစ် နှစ်ခု ဖြစ်သည့် တက္ကဆက်နှင့် ဘာလင် စက်ရုံများကို အဆင့်မြှင့်တင်ပေးပြီး ထုတ်လုပ်နိုင်စွမ်း တိုးမြှင့်ပေးမည်ဖြစ်သည်။ 

#MyanmarAutomobileGuide

https://t.me/Guid4U Telegram Channel

Source: gizchina.

Read 1489 times