Tesla ကားဈေးချ ရောင်းအား ၅ ဆအထိ မြင့်တက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla က ကားရောင်းဈေးများ လျှော့ချလိုက်တဲ့အတွက် တရုတ်နိုင်ငံ အချို့မြို့ကြီးများမှာ ရောင်းအား ဒီဇင်ဘာလထက် ၅၀၀% အထိ ခုန်တက်သွားခဲ့ပါတယ်။
Tesla က ကမ္ဘာတစ်လွှား ရောင်းဈေးများ လျှော့ချခဲ့ရာ အရင်ဆုံး တရုတ်ပြည်တွင်းဈေးကွက်မှာ စတင်ခဲ့ပါတယ်။
Model 3 ကို ယွမ် ၂၂၉,၉၀၀ သို့လည်းကောင်း၊ Model Y ကို ယွမ် ၃၅၉,၉၀၀ သို့လည်းကောင်း လျှော့ချသတ်မှတ်ပါတယ်။
တရုတ်ပြည်တွင်းဈေးကွက်မှာ Tesla အီးဗီဈေးနှုန်းများဟာ ဈေးအသက်သာဆုံး ဖြစ်ပါတယ်။
ဈေးနှုန်းလျှော့ချလိုက်တဲ့ အကျိုးသက်ရောက်မှုကို ချက်ချင်း ရရှိခဲ့ပါတယ်။ ၃ ရက်အတွင်း အမှာစာ ၃၀,၀၀၀ တိုးသွားခဲ့ပါတယ်။
Tesla Model Y ကို ယခင်က မှာကြားပြီးရင် ကားရဖို့ ၁ ပတ်မှ ၄ ပတ်အထိ ကြာပါတယ်။ ယခု ၂ ပတ်မှ ၅ ပတ်အထိ ကြာပါတယ်။
ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ
တရုတ်ပြည်တွင်းမှာ Tesla ဈေးချ အမေရိကန်ထက် ၄၃ ရာခိုင်နှုန်း သက်သာ
https://www.automobiledirectory.com.mm/article/-tesla-drop-prices-in-china.html
Tesla ၏ ပြင်ပရေးရာ ဒုဥက္ကဋ္ဌ Tao Lin
Tesla ၏ ပြင်ပရေးရာ ဒုဥက္ကဋ္ဌ Tao Lin က Tesla ၏ ဈေးနှုန်း ချိန်ညှိမှုသည် အင်ဂျင်နီယာဆိုင်ရာ တီထွင်ဆန်းသစ်မှု အချို့ကြောင့် ထုတ်လုပ်မှု စရိတ် သက်သာသွားတာရဲ့ ရလဒ်အဖြစ် ကုန်ကျစရိတ် အခြေပြု စျေးနှုန်းလည်း ဈေးကျဆင်းရတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၂၂ မှာ ကမ္ဘာတစ်လွှား Tesla စီးရေ ၁.၃၁ သန်းကို ဝယ်ယူသူများထံ ပေးပို့ခဲ့ပါတယ်။ လျာထားချက် စီးရေ ၁ သန်းခွဲကို မပြည့်မီခဲ့ပါ။
ယခုလို ဈေးချလိုက်တဲ့အတွက် ရောင်းအားမြင့်တက်ပြီး လျာထားချက် ပြည့်မီသွားနိုင်ပါတယ်။ လျာထားချက်ပြည့်မီဖို့ ဦးစားပေးတဲ့အနေဖြင့် အမြတ်အစွန်းကို လျှော့ယူတာလို့ ယူဆသူများလည်း ရှိပါတယ်။
Tao Lin က အင်တာဗျူးတစ်ခုမှာ “Tesla ရဲ့ ကမ္ဘာလုံးဆိုင်ရာ မှာယူမှုပမာဏဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက ကျဆင်းလာပါတယ်။ ဒီတော့ တချို့က ပြောကြတယ်။ Tesla ရဲ့ ကားထုတ်လုပ်တဲ့နှုန်းက မြင့်တက်လာတယ်။ ရောင်းအားက မြင့်မတက်လာဘူး။ ဒီတော့ ရောင်းအား မြင့်တက်အောင် ချိန်ညှိတဲ့အနေဖြင့် ရောင်းဈေးကို လျှော့ချ သတ်မှတ်ပေးလိုက်တယ်။ Model Y မော်ဒယ်တွေ ရဖို့ ယခင်က ၁ ပတ်မှ ၄ ပတ် စောင့်ရပြီး ဈေးနှုန်းလျှော့ချပြီးတဲ့နောက်မှာ ၂ ပတ်မှ ၅ ပတ်အထိ စောင့်ရတယ်။ ရောင်းအား မြင့်တက်တာနဲ့အမျှ စောင့်ရတဲ့ရက် ပိုကြာနေတာကို ကြည့်ရင် အရင်က ကားထုတ်လုပ်တဲ့နှုန်းက ရောင်းအားထက် ပိုမနေဘူးဆိုတာ သိနိုင်ပါတယ်" လို့ သူက ရှင်းပြခဲ့ပါတယ်။
"ထုတ်လုပ်စီးရေနှင့် ဝယ်သူထံပေးပို့ပြီးစီးရေ တို့အကြား ကွာဟနေတာကို ကြည့်ပြီး ထုတ်လုပ်စီးရေက ပေးပို့စီးရေထက် အများကြီးး ပိုများနေတာကြောင့် ကားတွေ ရောင်းမထွက်လို့ ဈေးချ ရောင်းတယ်လို့ မီဒီယာတချို့မှာ ရေးကြတယ်။ ဘာမှ အဓိပ္ပာယ် မရှိပါဘူး။ Tesla ကားစာရင်းက ပွင့်လင်း မြင်သာပါတယ်။ ထုတ်လုပ်စီးရေနှင့် ဝယ်သူထံပေးပို့ပြီးစီးရေ ကွာခြားနေရတာ ထုတ်လုပ်စီးရေက ပိုများနေတာ မရောင်းရလို့ ပ်ုများနေတာ မဟုတ်ပါဘူး။ ထုတ်လုပ်ပြီးနောက် ပေးပို့နေဆဲ စီးရေပမာဏ ကွာဟနေတာသာ ဖြစ်ပါတယ်။ ထုပ်လုပ်တဲ့ ပမာဏ အရမ်းကြီးမားနေတ့အခါ ပေးပို့နေဆဲ ကားစီးရေ ပမာဏကလည်း များပြားပါတယ်" လို့ သူက ရှင်းပြပါတယ်။
အမေရိကန်ဈေးကွက် Tesla လျှော့ဈေးနှုန်းအသစ်စာရင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U