Tesla က တရုတ်ပြည်မှာ ကားရောင်းဈေးနှုန်း လျှော့ချခြင်းသည် တိုက်စစ်နှင့် ခံစစ် ကစားကွက်ဟု သုံးသပ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံတွင် စီးပွားရေး သိသိသာသာ နှေးကွေးမည်ကို စိုးရိမ်မှုများကြောင့် အောက်တိုဘာ ၂၄ အစောပိုင်းတွင် တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်ငန်းများ၏ စတော့ရှယ်ယာများ လှုပ်ခတ်သွားခဲ့သည်။ ထိတ်လန့်တကြားဖြင့် ရောင်းချခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်။
.
တတိယသုံးလပတ် GDP တိုးတက်မှုသည် မျှော်လင့်ထားသည်ထက် ကျော်လွန်ပြီး ၃.၉% ရရှိခဲ့သော်လည်း တရုတ်နိုင်ငံ၏ တစ်နှစ်တာရည်မှန်းချက်ဖြစ်သော ၅.၅% အောက်၌ရှိနေသည်။ ၅.၅% သည် ဆယ်စုနှစ်သုံးခုအတွင်း အနိမ့်ဆုံးရည်မှန်းချက်ဖြစ်နေပြီး ၎င်းအနိမ့်ဆုံး ရည်မှန်းချက်ကိုပင် ပြည့်မီနိုင်ခြင်း မရှိတော့ချေ။
.
အီးဗီ စတော့ရှယ်ယာများအပေါ် ကျရောက်နေသည့် စိုးရိမ်မှုများတွင် အကြောင်းတစ်ချက်မှာ ကုန်ထုတ်လုပ်မှုနှင့် ယာဉ်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်မှုရှိနိုင်သော ကွမ်ကျိုးတွင် COVID လော့ဒေါင်း ချထားလိုက်ခြင်း ဖြစ်သည်။
.
နောက်ထပ် အကြောင်းအချက် တစ်ခုမှာ တရုတ်ပြည်တွင် အီးဗီများ အကြီးအကျယ် ထုတ်လုပ်ရောင်းချနေသော အမေရိကန် ကားလုပ်ငန်း Tesla က ကားရောင်းဈေးများကို တရုတ်ပြည်တွင်းဈေးကွက်အတွက် ၉% အထိ လျှော့ချသတ်မှတ်လိုက်ခြင်း ဖြစ်သည်။
<script async src="https://telegram.org/js/telegram-widget.js?21" data-telegram-post="Guid4U/2670" data-width="100%"></script>
Tesla စီအီးအို Elon Musk က တရုတ်နှင့်ဥရောပတွင် "စီးပွားရေးကျဆင်းမှုအမျိုးအစား" တစ်ခု လာနေပြီ ဖြစ်ကြောင်း ပြောကြားပြီး တစ်ပတ်အတွင်းမှာ ဈေးနှုန်းလျှော့ချသတ်မှတ်လိုက်ခြင်း ဖြစ်နေသည်။
တနင်္လာနေ့ ဈေးမဖွင့်ခင်တွင် - - -
Nio ရှယ်ယာဈေးနှုန်း ၁၀.၇၉ % ကျဆင်းသည်။
XPeng ရှယ်ယာဈေးနှုန်း ၁၁.၄၄ % ကျဆင်းသည်။
Li Auto ရှယ်ယာဈေးနှုန်း ၁၀.၂၅ % ကျဆင်းသည်။
Tesla ရှယ်ယာဈေးနှုန်းလည်း ကျဆင်းခဲ့ရာ ၂.၆၅ % ကျဆင်းသည်။ သို့သော် အခြားကားလုပ်ငန်းများက ဂဏန်း ၂ လုံးဖြင့် ကျဆင်းခဲ့ခြင်း ဖြစ်ပြီး Tesla က ဂဏန်းတစ်လုံးဖြင့်သာ ကျဆင်းခဲ့သည်။
.
Tesla ၏ စျေးနှုန်း လျှော့ချခြင်းသည် တိုက်စစ်နှင့် ခံစစ် နှစ်မျိုးစလုံးကို ကစားပေးသည်။ အသွား နှစ်ဘက်ပါသည့် ဓားဖြစ်သည်။
ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာသောကြောင့် ဈေးလျှော့ပေးသည်ဟု Tesla က ပြောကြားပြီး ကားရောင်းဈေးကို ၉%အထိ လျှော့ချပေးလိုက်ခြင်းသည် ဈေးနှုန်းစစ်ပွဲ ဆင်နွှဲလိုက်ခြင်း ဖြစ်သည်။
.
တရုတ်နိုင်ငံသည် Tesla နှင့် ၎င်း၏ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအရေးကြီးလာသော ကားဈေးကွက် ဖြစ်သည်။
Refinitiv ၏ခန့်မှန်းချက်အရ လာမည့်နှစ်တွင် Tesla ၏ တရုတ်ပြည်တွင်းဈေးကွက် ရောင်းအား ကန်ဒေါ်လာ ၁၂၀ ဘီလီယံနီးပါးသုိ့ ရောက်ရှိမည်။ ၉% ဈေးလျှော့ချသည်ဆိုပါက ကန်ဒေါ်လာ ၂.၅ ဘီလီယံနီးပါး ဝင်ငွေ လျော့နည်းမည်ဖြစ်သည်။ ထို့ပမာဏ လျော့ကျခြင်းကို Tesla ခံနိုင်ရည် ရှိသည်။ သို့ဖြစ်ရာ ပြိုင်ဘက်များကို ဈေးနှုန်းအရ တိုက်စစ်ဆင်နွှဲနိုင်စွမ်း Tesla မှာ ရှိနေသည်။
.
ရောင်းဈေးနှုန်း လျှော့ချခြင်းသည် ခံစစ်ကစားသည့် ကစားကွက်လည်း ဖြစ်သည်။
Tesla သည် တရုတ်ပြည်တွင်း လျှပ်စစ်ကားစစ်စစ် ဈေးကွက်တွင် ရေပန်းအစားဆုံး 'နိုင်ငံခြားအမှတ်တံဆိပ်' ဖြစ်သည်။ တစ်နည်းဆိုရသော် နိုင်ငံတကာ အမှတ်တံဆိပ် ဖြစ်သည်။ ပြည်တွင်း အမှတ်တံဆိပ်ထက် နိုင်ငံတကာ အမှတ်တံဆိပ်ကို ပိုမိုလိုလားသူများက အထူးသဖြင့် ပရီမီယံ မော်ဒယ် ဝယ်စီးရန်အတွက် Tesla ကို ရွေးချယ်ကြသည်။
.
Chery Automobile, Geely Automobile နှင့် GAC Aion တို့တွင် အီးဗီဈေးကွက်တွင် ဈေးကွက်ဝေစု ပိုမိုရရှိလာနေသည်။ ရှန်းကျန် အခြေစိုက် BYD သည် ဟိုက်ဘရစ်လျှပ်စစ်ကားများကိုပါ ထည့်သွင်းတွက်ချက်ပါက Tesla ထက် ရောင်းအား ပိုများသည်။ ကမ္ဘာ့အရောင်းရဆုံး brand world’s best-selling brand လျှပ်စစ်ကားဟု မီဒီယာများတွင် ဖော်ပြကြသည်။ အကယ်စင်စစ် လျှပ်စစ်ကားစစ်စစ်ကိုသာ ရေတွက်ပါက Tesla မမီသေးချေ။ သိုသော် မီလာတော့မည့် အလားအလာ ရှိနေသည်။
စီးပွားပျက်ကပ် တစ်မျိုး စတင်နေသည့်အတွက် အီးဗီရောင်းအား ကျဆင်းလိမ့်မည်ဟု Tesla က ယူဆထားသည်။ ရှန်ဟိုင်းမှ ကားစက်ရုံကို အဆင့်မြှင့်တင်ပြီး စီးရေ တိုးထုတ်နေသော်လည်း စွမ်းအားပြည့် လုပ်ကိုင်ခြင်း မပြုချေ။ ရောင်းဈေးကိုလည်း လျှော့ချထားလိုက်ခြင်းဖြင့် တရုတ်ပြည်တွင်းဈေးကွက်တွင် ရထားသော ဈေးကွက်ဝေစုကို ခံစစ်ဖြင့် ကာကွယ်ထားသည်ဟု လေ့လာဆန်းစစ်သူတို့က သုံးသပ်ကြသည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U