Tesla က Model Y အစီး (၃,၀၀၀) ကျော်ကို ဈေးကွက်မှ ပြန်လည် သိမ်းယူ


Tesla က ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ United State မှာ ဖြန့်ချိခဲ့တဲ့ Model Y ၃,၄၇၀ စီးကို ကားအနောက်ထိုင်ခုံက Frame Bolts တွေ ချောင်နေတဲ့အတွက်ကြောင့် ဈေးကွက်ထဲကနေ ပြန်လည် သိမ်းယူဖို့ စီစဥ်နေတယ်လို့ စနေနေ့က ထုတ်ပြန်ခဲ့တဲ့ စာတမ်းတစ်ခုမှာ ပြောကြားထားပါတယ်။ 

 

National Highway Traffic Safety Administration (NHTSA) ရဲ့ ပြောကြားချက်အရ ယခုလို့ ချောင်နေတဲ့ ထိုင်ခုံ Frame Bolts ကြောင့် Seat Belt စနစ်ရဲ့ အလုပ်လုပ်ပုံကို ထိခိုက်နိုင်ပြီး ကားမတော်တဆမှုဖြစ်တဲ့ အချိန်မှာ ပိုပြီး အန္တရာယ်များနိုင်တယ်လို့ သိရပါတယ်။

 

 

ဒီဇင်ဘာလမှာ Tesla က NHTSA ကို အာမခံချက် ၅ ချက် တောင်းဆိုခဲ့ပြီး ထိုကိစ္စဟာ ယခုအခြေအနေနဲ့ ဆက်စပ်နိုင်တယ်လို့ Reuters News က ပြောပါတယ်။ ဒါ့အပြင် Tesla က ယခုလို ပြန်လည် သိမ်းယူတဲ့ အကြောင်းအရင်းနဲ့ သက်ဆိုင်တဲ့ ထိခိုက်ဒဏ်ရာရတာတွေနဲ့ သေဆုံးတာတွေကိုတော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ 

 

Tesla က ယခုလို ပြန်လည် သိမ်းယူပြီး Model Y ကားတွေရဲ့ ဒုတိယတန်းက ထိုင်ခုံ Frame တွေက အောက်က ထိုင်ခုံ Frame နဲ့ သေသေချာချာ Bolts တပ်ထားခြင်း ရှိမရှိ စစ်ဆေးမှုဖြစ်ပြီး လိုအပ်ပါက အဲ့ဒီ Bolts တွေကို စည်းစနစ်ကျကျ ပြန်လည် ကျပ်ပေးသွားမယ်လို့ ပြောပါတယ်။ 

 

Advertisement

Click Here >>> Ko Thein Zaw's

 

ဒီဇင်ဘာလမှာ Tesla တင်သွင်းသူတစ်ဦးက ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းလည်ပတ်မှုရရှိစေဖို့ အကောင်အထည်ဖော်ခဲ့ပြီး အဲ့ဒီအထဲမှာ ကား Frame Bolts တွေကို သတ်မှတ်ထားတဲ့ စံညွန်းနဲ့အညီ ဖြစ်စေရန် ပိုကောင်းမွန်တဲ့ လေ့ကျင့်မှုနဲ့ ကြီးကြပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ 

လွန်ခဲ့တဲ့လ ကလည်း Tesla က သူ့ရဲ့ စမ်းသပ်ဆဲဖြစ်တဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ စနစ်ချို့ယွင်းချက်ကြောင့် ၂၀၂၃ ခုနှစ်အထိ စုစုပေါင်း ကားအစီးရေ ၃ သိန်းအထိကို ပြန်လည် ထိန်းသိမ်းခဲ့ပါသေးတယ်။ 


Source - Reuters News

Read 1030 times