အွန်လိုင်းဆော့ဖ်ဝဲလ်ကိုအဆင့်မြှင့်တင်မှုအတွက် Tesla ကားများပြန်လည်ခေါ်ယူ


Tesla ကုမ္ပဏီသည် အွန်လိုင်းဆော့ဖ်ဝဲလ်ကိုအဆင့်မြှင့်တင်မှုအတွက် Tesla Inc သည် တရုတ်လုပ်နှင့်တင်သွင်းသော Model 3 နှင့် Model Y ကားများအနက် ၃ သိန်းနီးပါးအားပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဈေးကွက်စည်းမျဉ်းစည်းကမ်းများအတွက် ပြည်နယ်အုပ်ချုပ်ရေးအစိုးရက ၎င်း၏ယာဉ်များသည် ရုတ်တရက်အရှိန်မြင့်နိုင်ခြင်း ၊ ယာဉ်မောင်းများမတော်တဆဖွင့်နိုင်ချေရှိခြင်း စတဲ့ ပြဿနာတွေ နိုင်တယ်လို့ ပြောကြားခဲ့သည်။

အွန်လိုင်းဆော့ဖ်ဝဲအဆင့်မြင့်တင်ရန် “ ပြန်လည်ခေါ်ယူခြင်း” သည် တရုတ်တွင်တည်ဆောက်ခဲ့သော Tesla ကားများအတွက်ပထမဆုံးဖြစ်သည်။ တရုတ်ထုတ် Model 3 နှင့် Model Y ကားများနှင့် ၃၅၆၆၅ တင်သွင်းသော Model 3 sedan ကားများဖြစ်သည်။

Tesla သည်ရှန်ဟိုင်းတွင် Model 3 sedan များနှင့် Model Y အားကစားသုံးမော်တော်ယာဉ်များကိုထုတ်လုပ်နေပြီးလမေလတွင်တရုတ်လုပ်လျှပ်စစ်ကား ၃၃,၄၆၃ ကိုရောင်းချခဲ့သည်ဟု စက်မှုလုပ်ငန်းကိန်းဂဏန်းများအရသိရသည်။

Nikkei Asia

Read 602 times