Tesla ၏ အစောဆုံးကား  Roadster ဈေးခုန်တက်


Tesla ၏ အစောဆုံးကား  Roadster ဈေးခုန်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တစ်ချိန်တစ်ခါတုန်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှ လျှပ်စစ်ကား ထုတ်လုပ်ရေး လုပ်ငန်းသစ် Tesla Motors သည် ၂၀၀၈ ခုနှစ်တွင် လျှပ်စစ်အိမ်စီးပြိုင်ကားမော်ဒယ်ကို အဦးဆုံး ထုတ်လုပ်ခဲ့ပါသည်။
ထိုစဉ်က ၎င်းလုပ်ငန်းအသစ်သည် နောင်တစ်ချိန်တွင် ဈေးကွက်တန်ဖိုး အကြီးဆုံး ကုမ္ပဏီ ဖြစ်လာလိမ့်မည်ဟု ပြောနိုင်ခဲ့သူ မရှိချေ။
လျှပ်စစ်ကားခေတ်သစ်တစ်ခုကို အစပျိုးပေးမည့် ကုမ္ပဏီဟုလည်း မယူဆကြချေ။
 .
ယခုအခါ Tesla ၏ အစောဆုံးကားများသည် မကြာသေးမီနှစ်များအတွင်း စျေးနှုန်းများ တဟုန်ထိုးတက်လာပြီး ကားစုဆောင်းမှုများတွင် စာရင်းဝင်နေပါသည်။


.
Tesla သည် ၂၀၀၈ မှ ၂၀၁၂ ခုနှစ်အတွင်း အကြမ်းဖျင်းအားဖြင့် လျှပ်စစ်အိမ်စီးပြိုင်ကားမော်ဒယ် Roadster ၂,၄၅၀ စီးကို ထုတ်လုပ်ခဲ့သည်။ ရောင်းဈေးမှာ ကန်ဒေါ်လာ တစ်သိန်းနှင့် အထက် ဖြစ်သည်။ အမိုးလှန်ထားနိုင်သောဒီဇိုင်း၊ တံခါး ၂ ပေါက် သာမန်အိမ်စီးပြိုင်ကားပုံစံ ဖြစ်သည်။
.
သက်တမ်းကြာသည့်အခါ တစ်ပတ်ရစ် Roadsters ဈေးကျသည်။ ၂၀၁၈ တွင် Bring a Trailer လေလံလုပ်ငန်းတွင် Roadster တစ်စီး လေလံတင်ခဲ့ရာ $38,000 ဖြင့် လေလံဆွဲခဲ့ပါသည်။

.
သက်တမ်းရင့်လာသည့်အခါ သမိုင်းတန်ဖိုး ရှိလာခဲ့ပါသည်။
၂၀၂၀ မေလတွင် Roadster ဈေးနှုန်း $69,000 ဖြစ်လာခဲ့သည်။
၂၀၁၁ ဇန်နဝါရီလတွင် Bring a Trailer မှာTesla Roadster 2.5 Sport ကို $190,000 ဖြင့် လေလံဆွဲခဲ့သည်။
၃ နှစ်အတွင်း ဈေးနှုန်း ခုန်တက်သွားသည်။ အကြောင်းမှာ Roadster သည် ကားစုဆောင်းမှုများတွင် စာရင်းဝင်နေပြီ ဖြစ်သောကြောင့် ဖြစ်ပါသည်။
ယခုနှစ် ၂၀၂၂ တွင် Roadster ဈေးနှုန်းသည် $127,000 အထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

Toyota ဥက္ကဋ္ဌ Akio Toyoda နှင့် Tesla စီအီးအို Elon Musk တို့ကို  Roadster နှင့် အတူ တွေ့ရစဉ်


Tesla ပထမဆုံး ထုတ်လုပ်သည့် ကားမော်ဒယ် ဖြစ်နေသည့်အတွက် သမိုင်းတန်ဖိုးရှိနေသည်။
 မျိုးဆက်သစ် ထပ်မထုတ်တော့သည့်အတွက် စီးရေ အကန့်အသတ်ဖြင့်သာ ရနိုင်တော့မည်။
 Source business insider 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3075 times