ထိုင်းမှာ Tesla အရောင်းသွက် ၃ ရက်အတွင်း စီးရေ ထောင်ချီ အမှာစာရရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အမေရိကန်မှ လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ Tesla ဟာ ထိုင်းနိုင်ငံမှာ တာထွက် အရောင်းသွက်နေပါတယ်။
ကားမော်ဒယ်နှစ်မျိုးအတွက် အမှာစာ လက်ခံခဲ့ရာ စစချင်း သုံးရက်အတွင်း အမှာစာ ၅,၀၀၀ ကျော် လက်ခံရရှိခဲ့ကြောင်း ကုမ္ပဏီက ထိုင်းဝဘ်ဆိုက်မှာ ကြေညာပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမှာစာများ စတက်လက်ခံခဲ့ကြောင်း Myanmar Automobile Guide မှာ ဖော်ပြခဲ့ပါတယ်။ Read more . . .
Model Y နှင့် Model 3 လျှပ်စစ်မော်တော်ယဉ်များအတွက် ဒီဇင်ဘာ ၇ ရက်မှာ ကြိုတင်မှာယူမှုများအတွက် ၎င်းရဲ့ ဝဘ်ဆိုဒ် ဖွင့်လှစ်လိုက်ပြီးကတည်းက ကြိုတင်မှာကြားမှုများနှင့် သိလိုသမျှ မေးမြန်းတဲ့ မေးခွန်းများ ပြည့်လျှံနေခဲ့ပါတယ်လို့ Tesla ထိုင်းဌာနေ ရုံးခွဲမှ အမှုဆောင်က ပြောကြားပါတယ်။
စျေးကွက်တန်ဖိုးအရ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားစစ်စစ် ထုတ်လုပ်သူTesla ရဲ့ ထိုင်းဌာနေ ရုံးခွဲ Tesla Thailand က စရံ ဘတ် ၄,၀၀၀ ဖြင့် အမှာစာ စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၂၃ မှာ ပထမအသုတ် စီးရေ ၁,၅၀၀ ကို ကြိုတင်မှာကြားထားသူများထံ ကားအပ်နှံမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
Tesla Model Y ကို ဗားရှင်း ၃ မျိုးဖြင့် ထိုင်းဈေးကွက်မှာ ရောင်းချပါတယ်။ ဈေးနှုန်းများက ဘတ် ၁.၉၅ သန်းမှ ဘတ် ၂.၅ သန်းအထိ ဖြစ်ပါတယ်။
Model Y ထက် ဈေးသက်သာတဲ့ Model 3 ကိုလည်း သုံးမျိုးသုံးစား ရောင်းချပါတယ်။ ဈေးနှုန်းများက ဘတ် ၁.၇၅ မှ ဘတ် ၂.၃ သန်းအထိ ဖြစ်ပါတယ်။
Tesla က ထိုင်းအစိုးရရဲ့ အီးဗီအထောက်အပံ့ အစီအစဉ်မှာ ပါဝင်ခြင်း မပြုပေမဲ့ အစိုးရနှင့် ဆွေးနွေးနေပါတယ်။
Source Nation Thailand
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U