Tesla ပထမဆုံး Semi ထရပ်ကားများ ဒီဇင်ဘာလတွင် Pepsi ထံ ပေးပို့မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla Inc က လျှပ်စစ်လုပ်ငန်းသုံး ထရပ်ကား Semi ထုတ်လုပ်မှုကို စတင်နေပြီး PepsiCo Inc သည် ဒီဇင်ဘာ ၁ ရက်တွင် ပထမဆုံး အသုတ်ပို့ဆောင်မှုကို ရရှိမည်ဖြစ်ကြောင်း လျှပ်စစ်ကားထုတ်လုပ်သူ၏ အကြီးအကဲ Elon Musk က ကြာသပတေးနေ့တွင် တွစ်တာတွင် ကြေညာခဲ့ပါတယ်။ စီးရေကိုတော့ ပြောကြားခြင်း မပြုပါ။
၂၀၂၇ ခုနှစ်တွင် PepsiCo Tesla လျှပ်စစ်ထရပ်ကား Semi အစီး ၁၀၀ ကို မှာကြားခဲ့ပါတယ်။
Semi ရှေ့ပြေးနမူနာကို ၂၀၁၇ မှာ ပြသခဲ့ပြီး ၂၀၁၉ မှာ စတင်ထုတ်လုပ်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပြီး ဩဂုတ်လမှာ အီလွန်မတ်စ်က ထုတ်လုပ်မှု စတင်ပြီလို့ ပြောကြားခဲ့ပါတယ်။
ခရီးတာ မိုင် ၅၀၀ (၈၀၅ ကီလိုမီတာ) အထိ သွားနိုင်ကြောင်း အီလွန်မတ်စ်က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
Semi ထရပ်ကားဈေးနှုန်းက $180,000 ဝန်းကျင် ဖြစ်ပါတယ်။
Source Reuters
#AutomobileGuide