Tesla Semi လျှပ်စစ်ထရပ်ကား ထုတ်လုပ်မှု တစ်ပတ် ၅ စီးဖြင့် စတင်မည်


Tesla Semi လျှပ်စစ်ထရပ်ကား ထုတ်လုပ်မှု တစ်ပတ် ၅ စီးဖြင့် စတင်မည်

 

TO GET INSTANT UPDATE 
Join Telegram Channel 

 https://t.me/Guid4U

 

 

Tesla သည် Tesla Semi လျှပ်စစ်ထရပ်ကား ထုတ်လုပ်မှုကို ၂၀၂၄ တွင်  တစ်နှစ်လျှင်  အစီးရေ ၅၀,၀၀၀ အထိ ထုတ်လုပ်ရန် ရည်မှန်းထားသည်။ ၎င်းစီးရေ ထုတ်လုပ်နိုင်ခဲ့လျှင် Tesla သည် ကမ္ဘာ့ထရပ်ကား  အဋ္ဌမ အများဆုံး ထုတ်လုပ်သူ  ဖြစ်လာမည် ဖြစ်ပါသည်။

ငါးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီးနောက် Tesla သည် ယခုအခါ Tesla Semi လျှပ်စစ်ထရပ်ကားများ စတင်ထုတ်လုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
 
Tesla Semi ထုတ်လုပ်ရန် Gigafactory Nevada ရှိ သိုလှောင်ရုံကြီးတစ်ခုတွင် ထုတ်လုပ်ရေးလိုင်း တပ်ဆင်ခဲ့ပါသည်။


လောလောဆယ် တပ်ဆင်ထားသည့် စက်ကိရိယာများအရ သီတင်းပတ် တစ်ပတ်လျှင် လျှပ်စစ်ထရပ်ကား ၅ စီးအထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ 
Tesla က Gigafactory Texas တွင်လည်း Tesla Semi လျှပ်စစ်ထရပ်ကားများ ထုတ်လုပ်ရန် အစီအစဉ် ရှိပါသည်။ 
 
စီအီးအို Elon Musk က Tesla Semi လျှပ်စစ်ထရပ်ကားများကို ၂၀၂၄ တွင် အလုံးအရင်းဖြင့် ထုတ်လုပ်ရန် ရည်မှန်းထားပြီး တစ်နှစ်လျှင် စီးရေ ၅ သောင်း ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း ပြောကြားပါသည်။

Tesla Semi လျှပ်စစ်ထရပ်ကား ဈေးနှုန်းကို မဆုံးဖြတ်ရသေးပါ။ 
"အဲဒါတွေရောင်းမယ်ဈေး အတိအကျတော့ ကျွန်တော် မပြောချင်ပေမယ့် အိမ်စီးကားထက် အများကြီး ပိုများပါတယ်" ဟု Elon Musk က ဖြေကြားခဲ့ပါသည်။

 

ယခုအခါ ထုတ်လုပ်နေသည့် Tesla Model 3 နင့် Model Y တို့တွင် သုံးစွဲသည့် 2170 ဘက်ထရီကို Tesla Semi တွင် အသုံးပြုမည်ဖြစ်ကြောင်း၊ နောက်ဆုံးထုတ် 4680 ဘက်ထရီ သုံးစွဲမှာ မဟုတ်ကြောင်း Musk က အတည်ပြုပြောကြားပါသည်။

တစ်ကြိမ်အားသွင်းရုံဖြင့် ကီလိုမီတာ ၈၀၀ အထိ သွားလာနိုင်သော ပထမဆုံး Tesla Semi လျှပ်စစ်ထရပ်ကားကို ဒီဇင်ဘာ ၁ ရက်တွင် အမေရိကန်ရှိ Pepsi ထံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားပါသည်။

"ကုန်စည်လေးလေးလံလံတင်ထားရင်တောင် ခရီးဝေးဝေး သွားနိုင်မယ့် ထရပ်ကားပါ" ဟု ၎င်းက ပြောသည်။

Source electrek

TO GET INSTANT UPDATE 
Join Telegram Channel 

 https://t.me/Guid4U

 

Read 422 times