Tesla ကား အများဆုံး ထုတ်လုပ်‌ပေးနေတဲ့ ရှန်ဟိုင်းကားစက်ရုံ  


Tesla ကား အများဆုံး ထုတ်လုပ်‌ေနတဲ့ ရှန်ဟိုင်းကားစက်ရုံ  

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Tesla Shanghai Gigafactory ကားထုတ်လုပ်ရေးစက်ရုံမှ ပြီးခဲ့တဲ့နှစ်မှာ ကားစီးရေ ၁၆၀,၀၀၀ ပြည်ပသို့ တင်ပို့ခဲ့ပါတယ်။ ဥရောပနှင့် အာရှတို့မှ နိုင်ငံ ၁၀ ကျော်ထံ ‌တင်ပို့ခဲ့ပါတယ်။

Tesla မှ ထုတ်ပြန်တဲ့ ၃ လပတ် အစီရင်ခံစာ အကျဉ်းချုပ်မှာ ရှန်ဟိုင်းစက်ရုံကို စီးရေ ပိုများများ ထုတ်လုပ်နိုင်အောင် အဆင့်မြှင့်တင်ခဲ့ပြီး တစ်နှစ် စီးရေ ၇၅၀,၀၀၀ ကျော် ထုတ်လုပ်ဖို့ ရည်မှန်းထားကြောင်း ဖော်ပြထားပါတယ်။

 

Fremont Factory 

အမေရိကန် ကယ်လီဖိုးနီးယားရှိ Tesla ရဲ့ ပထမဆုံးကားစက်ရုံ Fremont Factory  က တစ်နှစ် စီးရေ ၆၅၀,၀၀၀ ထုတ်လုပ်ပါတယ်။

Gigafactory Texas

စက်ရုံအသစ် နှစ်ခုဖြစ်တဲ့ ဂျာမနီနိုင်ငံ ဘာလင်မှ စက်ရုံနှင့် အမေရိကန် တက္ကဆက်မှ စက်ရုံတို့က တစ်နှစ် စီးရေ ၂၅၀,၀၀၀ ကျော် ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

တရုတ်နိုင်ငံ အိမ်စီးကားအသင်း  China Passenger Car Association CPCA  မှ ထုတ်ပြန်တဲ့ စာရင်းအင်းများအရ Tesla China က ယခုနှစ် ပထမနှစ်ဝက်မှာ ကြိုတင်အမှာစာများထံသို့ စီးရေ ၂၉၅,၀၀၀ ပေးပို့ခဲ့ပါတယ်။ ဇွန်လ တစ်လတည်းမှာ စီးရေ ၇၈,၉၀၀ ပေးပို့ခဲ့ပါတယ်။ 

Gigafactory Berlin-Brandenburg

၂၀၁၉ ဇန်နဝါရီလ ၇ ရက်မှာ စတင်တည်ဆောက်ခဲ့တဲ့ Shanghai Gigafactory ကားစက်ရုံကအဦးဆုံး ထုတ်လုပ်ခဲ့တာ တရုတ်ပြည်ဖြစ် Model 3 ဖြစ်ပြီး ၂၀၁၉ ဒီဇင်ဘာလမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ မှာ စီးရေ ၄၈၄,၁၃၀ ထုတ်လုပ်ပေးပို့ခဲ့ပါတယ်။

Tesla ရဲ့ စက်ရုံအားလုံး ထုတ်လုပ်မှု စုစုပေါင်းစီးရေရဲ့ ၅၁.၇% ကို Tesla Shanghai Gigafactory ကားစက်ရုံက ထုတ်လုပ်ပေးပါတယ်။

#MyanmarAutomobileGuide 

 

Telegram Channel  https://t.me/Guid4U

Source: ANN

Read 2417 times