TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla သည် ယခုနှစ် ၂၀၂၃ တွင် Model S နှင့် Model X တို့၏ စျေးနှုန်းများကို ဒုတိယအကြိမ် လျှော့ချလိုက်ပြန်သည်။
အီးဗီ ဈေးနှုန်းစစ်ပွဲ ပိုမိုပြင်းထန်လာနေစဉ် Tesla သည်အများဆုံးအနေဖြင့် $29,000 အထိ ဈေးလျှော့ချလိုက်ပါသည်။
မတ်လ မော်ဒယ်အလိုက် ဈေးလျှော့ချသည့် စာရင်းမှာ ---
Model S Long Range AWD
ယခင် $94,990
ယခု။ $89,990
Model S Tri-Motor Plaid
ယခင် $114,990
ယခု $109,990
Model X Tri-Motor Plaid
ယခင် $119,990
ယခု $109,990
ယခုအခါ Tri-Motor Plaid Model S နှင့် Model X ဈေးနှုန်းအတူတူ ဖြစ်သွားပါသည်။
Model S ကို ၂၀၁၂ တွင် အမြောက်အမြား စတငမ ထုတ်လုပ်ခဲ့ပြီး ၃ နှစ်အကြာ ၂၀၁၅ တွင် Model X ကို ထုတ်လုပ်ပါသည်။
၂မျိုးစလုံး Tesla ပထမမျိုးဆက် ပလက်ဖောင်းပေါ်တွင် တည်ဆောက်ပါသည်။
Model 3 နှင့် Model Y တို့ကို ၂၀၁၇ တွင် ဒုတိယမျိုးဆက် ပလက်ဖောင်းပေါ်တွင် တည်ဆောက်ပါသည်။
၂၀၂၂ ထုတ်လုပ်စီးရေများကို ကြည့်လျှင် S နှင့် X တို့သည် ၅% ဝန်းကျင် ဖြစ်ပြီး 3 နှင့် Y တို့သည် ၉၅% ဖြစ်ပါသည်။
သို့ဖြစ်ရာ S နှင့် X တို့ကို ဈေးလျှော့သည့်အတွက် ဝင်ငွေ လျော့ကျမည် ဖြစ်သော်လည်း မများပါ။ သို့သော် ဖြစ်ပေါ်နေသည့် ဈေးကွက်ဝေစု ပိုမို ရရှိရေးအတွက် ဆင်နွှဲနေကြသည့် ဈေးနှုန်းစစ်ပွဲတွင် အနိုင်ပိုင်းဖို့ ပိုနီးစပ်သွားစေမည် ဖြစ်သည်။
Source: Tesla
Tesla သည် ၂၀၂၂ ခုနှစ်တွင် Model S နှင့် X ကားအစီးရေ ၇ သောင်း ကျော်မျှသာ ထုတ်လုပ်ခဲ့ပြီး Model 3 နှင့် Model Ys ၁.၃ သန်းနီးပါး ထုတ်လုပ်ခဲ့ပါသည်။
၁၀ နှစ်နီးပါးအတွင်း မူလဒီဇိုင်းကို အနည်းငယ်သာ ပြောင်းလဲပြီးနောက် Tesla သည် Model S နှင့် X ကို ၂၀၂၁ နှစ်လယ်ပိုင်းတွင် ပြန်လည်ဆန်းသစ်ထားသည့် ကားများအဖြစ် ရောင်းချပါသည်။
Tri-Motor Plaid တို့သည် 0-100 km/h ကို ၁.၉ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည့် ထူးခြားဂုဏ်ရည် ပိုင်ဆိုင်ထားသည်။
Tesla သည် ၂၀၂၃ ဇန်နဝါရီလတွင် တစ်ကြိမ်ဈေးလျှော့ခဲ့ပြီး ၂ လ အကြာ ယခုတစ်ကြိမ် ထပ်လျှော့သည်။
ဇန်နဝါရီလ မော်ဒယ်အလိုက် ဈေးလျှော့ချသည့် စာရင်းမှာ ---
Model S
ယခင် $104,990
ယခု $94,990
Model S Plaid
ယခင် $135,990
ယခု $114,990
Model X
ယခင် $120,990
ယခု $109,990
Model X Plaid
ယခင် $138,990
ယခု $119,990
ဇန်နဝါရီနှင့် မတ် ၂ခုပေါင်း အနေဖြင့် S Plaid သည် $26,000 လျော့ပြီး X Plaid သည် $29,000 လျော့သည်။
Source thedriven
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U