Tesla စတီယာရင် မူလီမတပ်ထားသည့်အမှု စုံစမ်းစစ်ဆေးမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အမရေိကန်နိုင်ငံ အမျိုးသား အဝေးပြေး ယာဉ်အန္တရာယ် ကင်းရှင်းရေး စီမံခန့်ခွဲမှု National Highway Traffic Safety Administration (NHTSA) မှ Tesla Model Y ကို မောင်းနှင်နေစဉ် စတီယာရင်ပြုတ်ကျသည်ကို ကားနှစ်စီး ကြုံတွေ့ခဲ့ရကြောင်း သတင်းပေးပို့ချက်များ ရရှိခဲ့ပြီးနောက် ပဏာမ စုံစမ်းစစ်ဆေးမှုကို ဖွင့်လှစ်ထားကြောင်း ပြောကားခဲ့သည်။
အဆိုပါ Tesla Model Y များသည် 2023 model year များ ဖြစ်ကြသည်။ ကားကို အနှေးမောင်းနှင်နေစဉ် စတီယာရင် လုံးဝ ပြုတ်ထွက်သွားခြင်းဖြစ်သည်။
စတီယာရင်ကို စတီယာရင်တိုင်တွင် တပ်ဆင်ထားသည့် အထိန်းမူလီများ တပ်ဆင်ထားခြင်း မရှိဘဲ ယာဉ်များကို ပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ကားပိုင်ရှင် တစ်ဦးက ဆိုသည်။
Click Here > Royal Myanmar Steel Brothers
စတီယာရင် ပြုတ်ထွက်သည်ကို ကြုံခဲ့ရသူတစ်ဦးမှာ Model Y အသစ်ကျပ်ချွတ်ကို လက်ခံရရှိပြီး ၅ ရက်အကြာတွင် Route 1 South i အေးပြေးလမ်းတွင် ၂၀၂၃ ဇန်နဝါရီလ ၂၉ ရက်တွင် စတီယာရင် ရုတ်တရက် ပြုတ်ထွက်သည်ကို ကြုံခဲ့ရသည်။ "ကံကောင်းတာက နောက်မှာ ကပ်ပါလာတဲ့ကား မရှိဘူး။ လမ်းအလယ်က စည်းခြားထားတဲ့ တုံးတွေ ပွတ်မိပြီး ရပ်သွားတယ်" ဟု ၎င်းက ပြောကြားသည်။
NHTSA က Tesla Model Y အစီးရေ တစ်သိန်း နှစ်သောင်းကို ပြန်လည်ခေါ်ယူပြီး တစ်စီးချင်း စစ်ဆေးပြီး လိုအပ်ပါက ပြုပြင်ပေးရန် တောင်းဆိုခြင်းမပြုမီ ပဏမအဆင့် စုံစမ်းစစ်ဆေးခြင်း ဖြစ်သည်။
Source reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U