အမေရိကန် ထိပ်တန်း လျှပ်စစ်ကားသီးသန့် ထုတ်လုပ်ရေး ကုမ္ပဏီ Tesla က ဂျာမနီနိုင်ငံမှာ ကြီးမားတဲ့ စက်ရုံကြီး Gigafactory တည်ဆောက်လျက် ရှိတာမှာ စက်ရုံနေရာမှာ ရှိနေတဲ့ အပင်တွေ ခုတ်လှဲရှင်းလင်းတာကြောင့် တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးလှုပ်ရှားသူတွေက ကန့်ကွက်ပြီး တရားစွဲဆိုခဲ့တာကြောင့် နှောင့်နှေးမှု ကြုံခဲ့ရပြီး စက်ရုံကို အမြန်ဆုံးပြီးစီးအောင် ဆက်လက်တည်ဆောက်လျက် ရှိရာမှ အာမခံကြေး အမေရိကန်ဒေါ်လာ သန်း ၁၀၀ မပေးသွင်းရသေးတာကြောင့် ဆောက်လုပ်ရေးကို ယာယီရပ်ဆိုင်းထားရပါတယ်။
Tesla အနေဖြင့် စက်ရုံတည်ဆောက်ခွင့်ကို ခွင့်ပြုချက် အပြည့်အဝ မရရှိသေးဘဲ တစ်စိတ်တစ်ပိုင်းအထိသာ လုပ်ကိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ Tesla က စက်ရုံ အမြန်ဆုံး ပြီးစီးအောင် ဆောက်လုပ်လျက် ရှိပါတယ်။ အခုလို ခွင့်ပြုချက် အပြည့်အဝ မရှိသေးဘဲ ဆောက်လုပ်နေတာကြောင့်
ဒေသအာဏာပိုင်တို့က တကယ်လို့ စက်ရုံ ဆောက်လက်စတန်းလန်းမှာ ရပ်ထားလိုက်ရပြီး ဆက်လက် ဆောက်လုပ်ဖို့ မဖြစ်နိုင်တော့ရင် ဆောက်လက်စ စက်ရုံကို ဖျက်သိမ်းဖို့အတွက် စရိတ်စကအဖြစ် အာမခံငွေ အမေရိကန်ဒေါ်လာ တစ်သန်း ပေးသွင်းခိုင်းထားပါတယ်။
ပေးသွင်းရမယ့် နောက်ဆုံးရက် ဖြစ်တဲ့ ဒီဇင်ဘာလ ၁၇ ရက်အထိ Tesla က ပေးသွင်းခြင်း မပြုသေးတာကြောင့် စက်ရုံဆောက်လုပ်ရေးကို ယာယီရပ်ဆိုင်းခိုင်းလို့ ရပ်ဆိုင်းထားလိုက်ရတာ ဖြစ်ပါတယ်။