TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မလေးရှားသို့ အီးဗီများ တင်သွင်းရောင်းချဖို့ ခွင့်ပြုရန် Tesla Inc ၏ လျှောက်လွှာကို မလေးရှားက အတည်ပြု ခွင့်ပြုခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်သည်။
Tesla သည် မလေးရှားတွင် ရုံးချုပ်ဖွင့်လှစ်ကာ ဝန်ဆောင်မှုစင်တာများ ထားရှိမည်။ ထို့ပြင် စူပါအားသွင်းပွိုင့်များကွန်ရက်ကို ထူထောင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့(မတ် ၁) တွင် ထုတ်ပြန်ခဲ့သည်။
မလေးရှားသည် အီးဗီဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်နေပြီး ၂၀၂၅ ခုနှစ်တွင် အနည်းဆုံး အများသူငှာ သုံးနိုင်သည့် အားသွင်းပွိုင့် ၁၀,၀၀၀ ထားရှိပြီး ဝန်ဆောင်မှု ပေးဆောင်ရန် ရည်မှန်းထားသည်။
၂၀၃၀ ခုနှစ်တွင် ဟိုက်ဘရစ် များအပါအဝင် အီးဗီများသည် ကားများအားလုံး၏ ၁၅% ရှိရန် ရည်မှန်းထားကြောင်း ကုန်သွယ်ရေးဝန်ကြီး Zafrul Aziz က ပြောကြားခဲ့ပါသည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U