Tesla က ထိုင်းဈေးကွက်ဝင်ရောက်ရန် ဘီးစလှိမ့်
Tesla က ဈေးကွက်တိုးချဲ့လျက်ရှိရာ ထိုင်းဈေးကွက်ကို ဝင်ရောက်ဖို့ ဘီးတွေ စလှိမ့်ပါတယ်။
လျှပ်စစ်မော်တော်ယာဉ်အပြင် ဘက်ထရီများ၊ ဆိုလာပစ္စည်းများလည်း ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။
Tesla က ဈေးကွက်အသစ် တိုးချဲ့ဖို့ အိန္ဒိယမှာ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ယခုအခါ ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ ရွေးချယ်ထားပါတယ်။ လုပ်ငန်းမှတ်ပုံတင်ဖို့ လျှောက်လွှာတင်ထားပါတယ်။
ထိုင်းဈေးကွက်ထဲ Tesla တရားဝင် ဝင်ရောက်ခြင်း မပြုသေးပေမဲ့ ထိုင်းနိုင်ငံမှ Tesla ကားကို တင်သွင်းပြီး စီးနေတဲ့သူတွေ ရှိနေပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကလည်း Tesla Model 3 များကို ရဲကားအဖြစ် အသုံးပြုဖို့ ၂၀၂၀ ခုနှစ်က ဝယ်ယူထားပါတယ်။
တကယ်လို့ Tesla က ထိုင်းဈေးကွက်ကို တရားဝင် ဝင်ရောက်ဖြစ်ခဲ့ရင် အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံက Tesla ရဲ့ ပထမဆုံး ဈေးကွက် ဖြစ်ပါလိမ့်မယ်။