Tesla ၏ အီးဗီအားသွင်းကွန်နက်တာ သုံးစွဲရန် Toyota ကို ကမ်းလှမ်း
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
လျှပ်စစ်ကားကို အားသွင်းရုံနှင့် ချိတ်ဆက်ပေးသည့် ပလပ်ဖြစ်သည့် အားသွင်းကွန်နက်တာကို Tesla ၏ အီးဗီအားသွင်းကွန်နက်တာ သုံးစွဲရန် Ford နှင့် GM တို့က Tesla နှင့် သဘောတူညီမှု ရယူခဲ့ကြသည်။
၂၀၂၄ ခုနှစ်မှစ၍ Ford နှင့် GM တို့၏ လျှပ်စစ်ကားများသည် Tesla ၏ စူပါအားသွင်းကွန်ရက်မှ အားသွင်းရုံများတွင် ပလပ်တပ်ပြီး အားသွင်းနိုင်ကြတော့မည် ဖြစ်သည်။
လက်ရှိတွင် Tesla ၏ စူပါအားသွင်းကွန်ရက်သည် အမေရိကန်နိုင်ငံတစ်လွှားတွင် အားသွင်းရုံ ၁၇,၀၀၀ ခန့် ရှိသည်။
Ford နှင့် GM တို့မှာ စူပါအားသွင်းရုံ ၁၂,၀၀၀ ခန့် ရှိသည်။
Supercharger ၏ အားသားချက်မှာ မိုင် ၂၀၀ ခရီးအတွက် အားဖြည့်ရန် ၁၅ မိနစ်သာ ကြာသည်။ ၈၀% ဝန်းကျင်အထိ အားပြည့်နေသည့် အခြေအနေကို ရရှိသည်။ ခရီးသွားလာရင်း အားသွင်းကြသည့်အခါ ၈၀% ဝန်းကျင်ဆိုလျှင် အဆင်ပြေနေပြီ ဖြစ်သည်။
Ford နှင့် GM တို့၏ ကားများသည် ကန်ဒေါ်လာ ၁၀၀ ဝန်းကျင် ပေးရသည့် adapter တစ်ခု ဝယ်ထားပြီးလျှင် Tesla ၏ Supercharger အားသွင်းရုံတွင် အမြန်အားသွင်းနိုင်မည် ဖြစ်သည်။
Tesla အနေဖြင့် ဝန်ဆောင်မှုမှ ဝင်ငွေ တိုးမည် ဖြစ်သည်။ အရင်းအနှီးပြုထားရသည့် ကွန်ရက် မြန်မြန် အရင်းကြေပြီး အမြတ်များ ရရှိမည် ဖြစ်သည်။
နောင်တစ်ချိန်တွင် Tesla ၏ အားသွင်းပလပ်သည် အများသုံးပလပ် ဖြစ်လာမည် ဖြစ်သည်။
လက်ရှိတွင် မြောက်အမေရိကတွင် အားသွင်းပလပ် စံနှစ်မျိုး ရှိနေသည်။
တစ်မျိုးမှာ Tesla ၏ North American Charging Standard -NACS ဖြစ်သည်။
နောက်တစ်မျိုးမှာ Combined Charging System - CCS ဖြစ်သည်။ CCS ကို Tesla မှ တစ်ပါး အခြားသော အီးဗီထုတ်လုပ်သူများ သုံးစွဲကြသည်။ သို့ဖြစ်ရာ CCS သည် အများသုံး အားသွင်း ကွန်ရက်ဖြစ်သည်။
အားသွင်းရုံ ၅၄,၀၀၀ ရှိသည်။ယင်းတို့အနက် အားသွင်းရုံ ၇,၄၀၀ သည် supercharger ဖြင့် အမြန်အားသွင်းနိုင်သည်။ ကျန်သည့် CCS အများစုမှာ အနှေးအားသွင်း ကွန်နက်တာကို အသုံးပြုသည်။
ခရီးဝေးသွားသည့်အခါ အမြန်အားသွင်းနိုင်မှ အဆင်ပြေသည်။
Toyota bZ4X EV အသစ်ကို နယူးယောက်မှ ဝါရှင်တန် ဒီစီသို့ အသွားအပြန် မောင်းနှင်ခဲ့ရာ၌ ကားမောင်းချိန် ၉ နာရီရှိပြီး အားသွင်းချိန် ၃ နာရီ ကြာခဲ့သည်။
Tesla Model Y သည် ၎င်းခရီးတွင် အားသွင်းချိန် မိနစ် ၃၀ အောက်မျှသာ ကြာသည်။
သို့ဖြစ်ရာ Toyota ကို Tesla စီအီးအို အီလွန်မတ်စ်က Tesla ၏ supercharger သုံးစွဲဖို့ ကမ်းလှမ်းထားသည်။
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL