Tesla က အသံပိုင်းဆိုင်ရာ ပစ္စည်းများအတွက် trademark ကို တိုးချဲ့ရယူ
Tesla က ၎င်းရဲ့ trademark ကို အသံပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများအတွက်ပါ သုံးစွဲဖို့ မူပိုင်ခွင့် လျှောက်ထားပါတယ်။
လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်သူ Tesla က “TESLA” နှင့် “T” logo trademark တို့ကို အသံပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများအတွက်ပါ သုံးစွဲဖို့ အမျိုးအစား ထပ်တိုးဖို့ မူပိုင်ခွင့် လျှောက်ထားခဲ့ရာ
microphones;
headphones;
earphones;
digital audio players;
sound transmitting apparatus;
audio speakers;
subwoofers;
earpads for headphones;
audio interfaces;
audio equalizer apparatus;
horns for loudspeakers;
megaphones
တို့ အကျုံးဝင်ပါတယ်။
Tesla က မော်တော်ယာဉ်အတွင်း အသုံးပြုဖို့ sound system ကို ထုတ်လုပ်ခဲ့ရာမှာ ပရီမီယံ ကားတွေမှာ သုံးတဲ့ Bang & Olufsen system နည်းတူ အရည်အသွေး မြင့်မားပါတယ်။ ဈေးကြီးတဲ့ Bang & Olufsen system ရဲ့ အစွန်းထွက်လောက်ပဲ ကုန်ကျပါတယ်။
sound system ထုတ်လုပ်ရေးမှာ Bang & Olufsen မှ အင်ဂျင်နီယာများကို ခေါ်ယူခန့်ထားပါတယ်။ ပရီမီယံ audio system ထုတ်လုပ်ပြီး တွဲစပ်သုံးစွဲရမယ့် ပစ္စည်းကိရိယာများကိုပါ ထုတ်လုပ်မှာ ဖြစ်ပါတယ်။