အမေရိကန်နိုင်ငံမှ လျှပ်စစ်ကားသီးသန့် ထုတ်လုပ်သူ Tesla Inc က တရုတ်ပြည်တွင်း ဈေးကွက်အတွက် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ယာဉ်ထုတ်လုပ်ရေးစက်ရုံတစ်ခု ထားရှိပြီး Tesla Model 3 လျှပ်စစ်ကားတွေ ထုတ်လုပ် ရောင်းချလျက် ရှိတာမှာ မေလအတွင်း စီးရေ ၁၁ ၀၉၅ ရောင်းချခဲ့ရတယ်လို့ China Passenger Car Association (CPCA) မှ ထုတ်ပြန်တဲ့ အချက်အလက်များမှာ ဖော်ပြထားပါတယ်။ ဧပြီလနဲ့ နှိုင်းယှဉ်ရင် ရောင်းရစီးရေ သုံးဆ တက်သွားတာ ဖြစ်ပါတယ်။
ဧပြီလမှာ စီးရေ ၃၆၃၅ ရောင်းချခဲ့ရပြီး မတ်လတုန်းက စီးရေ ၁၀ ၁၆၀ ရောင်းချခဲ့ရတာမို့ ဧပြီလမှာ ရောင်းအား ထိုးကျခဲ့ပြီး ယခု မေလမှာ ရောင်းအား ပြန်ကောင်းသွားတာ ဖြစ်ပြီး မတ်လ ရောင်းအား စံချိန်နီးပါး ရှိပါတယ်။
တရုတ်ပြည်တွင်းကားဈေးကွက်မှာ Tesla ရောင်းအား ၃ ဆ ပြန်တက်