Tesla တက္ကဆက်စက်ရုံ စီးရေ တစ်သောင်းမြောက် ထုတ်လုပ်
Tesla ၏ Texas Gigafactory သည် စက်ရုံ၏ စီးရေ တစ်သောင်းမြောက် Model Y SUV ကို ထုတ်လုပ်ခဲ့ကြောင်း စနေနေ့ (စက်တင်ဘာ ၁၇)မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
10,000 Model Ys built at Giga Texas to date pic.twitter.com/4cOlnpCRa0
— Tesla (@Tesla) September 17, 2022
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ Texas Gigafactory က စီးရေ တစ်သောင်း မိုင်တိုင်ကို ဖြတ်ကျော်ခဲ့တဲ့သတင်းက လာမယ့်နှစ်မှာ Tesla ထုတ်လုပ်မယ့် Cybertruck ပစ်ကပ်ထရပ်ကို ဝယ်စီးဖို့ စောင့်မျှော်နေသူတွေအတွက် အားရစရာ သတင်းကောင်း ဖြစ်ပါတယ်။
Tesla က Cybertruck တွေကို တက္ကဆက်စက်ရုံမှာ ထုတ်လုပ်ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ ၂၀၂၁ မှာ Cybertruck တွေကို အမြောက်အမြား ထုတ်လုပ်မယ်လို့ Tesla က ပြောကြားခဲ့ပြီး နှောင့်နှေးမှုများကြောင့် ၂၀၂၂ သို့ အချိန်ရွှေ့ခဲ့ပါတယ်။ ယခု ၂၀၂၂ မှာလည်း ထုတ်လုပ်နိုင်ဦးမှာ မဟုတ်လို့ ၂၀၂၃ မှာ ထုတ်လုပ်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
တက္ကဆက် စက်ရုံမှာ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲက ဘက်ထရီ အလုံအလောက် မရရှိတဲ့ ပြဿနာ ဖြစ်ပါတယ်။ ကုမ္ပဏီက မျိုးဆက်သစ် ဘက်ထရီ 4680 ဘက်ထရီဆဲလ်ကို ပြောင်းလဲ သုံးစွဲပါတယ်။ ၂၀၂၀ ခုနှစ်တွင် Tesla ရဲ့ စီအီးအို Elon Musk က အဆိုပါနည်းပညာသည် အင်ဂျင်ကားများထက် ထုတ်လုပ်မှုဆိုင်ရာ ကုန်ကျစရိတ် ပိုသက်သာသော လျှပ်စစ်ကားများဆီသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ Tesla နှင့် ဘက်ထရီအတွက် လက်တွဲထားတဲ့ Panasonic တို့က မျိုးဆက်သစ်ဘက်ထရီများကို အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ အဆင့်ကို ပြီးခဲ့တဲ့ ဇွန်လအထိ ရောက်မလာသေးပါဘူး။ ယခုအခါ အမြောက်အမြား စတငမထုတ်လုပ်ဖို့ အသင့်အနေအထား ရောက်ပြီလို့ ဆိုပါတယ်။
ဧပြီလတွင် Tesla က ဘက်ထရီဆဲလ် 4680 ထည့်ပေးထားတဲ့ SUV အမျိုးအစားသစ်ကို စတင်ရောင်းချခဲ့ပါတယ်။ တစ်ကြိမ်အားသွင်းရုံဖြင့် ၂၇၉ မိုင် ခရီးနှင်နိုင်ပြီး ရောင်းဈေးက $59,990 မှ စတင်ပါတယ်။ ယခုအခါ ဘက်ထရီ အခက်အခဲ ပြေလည်စ ပြုပြီဖြစ်လို့ Texas Gigafactory က တစ်ပတ် စီးရေ ၁,၀၀၀ ကျော် ထုတ်လုပ်နိုင်နေပြီလို့ ခန့်မှန်းပါတယ်။ နှစ်ဆတိုးပြီး တစ်ပတ် စီးရေ ၂,၀၀၀ ထုတ်လုပ်မယ့် လမ်းကြောင်းပေါ် ရောက်ရှိနေပါပြီ။
Source Yahoo
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U